SJ WorldNews - шаблон joomla Авто

Yangon Weekend Market ပြန်လည် ဖွင့်လှစ်မည် ဆိုပါက ပန်းဆိုးတန်းလမ်း အောက်ဘလောက် တစ်ခုလုံးအထိ တိုးချဲ့ ဖွင့်လှစ်မည်

Tuesday, 11 June 2019 12:26 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတား မြို့နယ်အတွင်းရှိ ဘဏ်လမ်းနှင့် ပန်းဆိုးတန်းလမ်း အောက်ဘလောက်၌ ဖွင့်လှစ်ထားသော Yangon Weekend Market ပြန်လည်ဖွင့်လှစ်မည် ဆိုပါက ပန်းဆိုးတန်းလမ်း အောက်ဘလောက် တစ်ခုလုံးအထိ တိုးချဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်း Yangon Weekend Market မှ ဒါရိုက်တာဒေါ်မေမြတ်အောင်၏ ပြောပြချက်အရ သိရသည်။

အဆိုပါဈေးကို လက်ရှိတွင် မိုးတွင်းကာလဖြစ်သည့်အတွက် ခေတ္တရပ်နားထားခြင်း ဖြစ်ပြီး စက်တင်ဘာလအတွင်း ပြန်လည် ဖွင့်လှစ်မည် ဖြစ်သည်။

''ဆိုင်ခန်းထပ်တိုးချဲ့ဖို့ရှိပါတယ်။ အရင်ကတော့ ဘဏ်လမ်းတစ်လမ်းတည်းကိုပဲ ဖွင့်ထားတယ်။ ပြန်ဖွင့်တဲ့အခါ ပန်းဆိုးတန်းလမ်း အောက်ဘလောက်တစ်ခုလုံးကိုပါ ထပ်တိုးချဲ့ ဖွင့်လှစ်ဖို့ ရှိပါတယ်'' ဟု ဒေါ်မေမြတ်အောင်က ပြောသည်။

Yangon Weekend Market ကို မေ ၄ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး စနေ၊ တနင်္ဂနွေနေ့တို့တွင် နံနက် ၉ နာရီမှ ည ၁၁ နာရီအထိ ဖွင့်လှစ်ခဲ့သည်။

''Yangon Weekend Market ဖွင့်လှစ်လိုက်တဲ့အတွက် ရန်ကုန်မြို့မှာ ခရီးသွားလာရေး လည်ပတ်စရာ နေရာတစ်ခုတိုး လာသလို မြန်မာ့ရိုးရာအစားအသောက်၊ အဝတ်အထည်၊ အမှတ်တရပစ္စည်းတွေကို ဖော်ထုတ်ပြသဖို့ ရည်ရွယ်တာပါ'' ဟု ဒေါ်မေမြတ်အောင်ကပြောသည်။

Yangon Weekend Market ဖွင့်လှစ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး လာရောက် လျှောက်ထားသည့် ကုမ္ပဏီများထဲမှ ရွေးချယ်ခဲ့ရာ Golden Market Myanmar ကုမ္ပဏီလီမိတက်မှ လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။ ကျော်ကို

Read 32 times Last modified on Tuesday, 11 June 2019 12:27