SJ WorldNews - шаблон joomla Авто

ကလေး အလုပ်သမား ပပျောက်ရေး ပထမငါးနှစ် စီမံချက်စတင်

Wednesday, 12 June 2019 08:17 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဇွန်   ၁၁

ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေး၏ ပထမငါးနှစ်စီမံချက်ကို ယခုနှစ်မှစတင်၍ ဒေသကြီးငါးခုတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အသက် ၁၄နှစ်အောက် ကလေးငယ်များအား ခိုင်းစေသောုပ်ငန်းရှင်များကို   သတ်မှတ် ဥပဒေ အတိုင်း  ထောင်ဒဏ်/ငွေဒဏ်ချမှတ်ကာ  အရေးယူနိုင်ရေး/ပညာပေး လှုပ်ရှားမှု/ ဖယ်ရှားစောင့်ရှောက်ရေး အစီအစဉ်များ ပါဝင်ကြောင်း ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ PAN PACIFIC Hotel ၌ကျင်းပသော  ကမ္ဘာ့ကလေး အလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ (၂ဝ၁၉)အကြို သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

င်းစီမံချက်ကို ၁၅ နှစ်အတွင်း ဖော်ဆောင်သွားရန် ရေးဆွဲ အတည်ပြုထားပြီးဖြစ်ကြောင်း၊ ယခုအခါ ပထမ ငါးနှစ် စီမံချက် အကောင်အထည်ဖော်မှုကို ယခုနှစ် ဇန်နဝါရီလတွင် တရားဝင်ကြေညာ ထားပြီးဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊  ဧရာဝတီတိုင်း ဒေသကြီး၊  မွန်ပြည်နယ်နှင့်  ကရင်ပြည်နယ်တို့တွင် ဦးစားပေး အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါစီမံချက်ကိုအလုပ်သမား၊ လူဝင်မှု ကြီးကြပ် ရေးနှင့်  ပြည်သူ့အင်အား ဝန်ကြီးဌာနအပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရအာဏာပိုင် အဖွဲ့အစည်းများ၊ အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) အဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်း ထားသော သက်ဆိုင်ရာ လုပ်ငန်း ကော်မတီ ရှစ်ခုမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

''ဒီစီမံချက်ထဲမှာ  ဥပဒေအရ တားမြစ်ထားတဲ့အသက် ၁၄ နှစ်အောက် ကလေးတွေကို ခိုင်းတယ်ဆိုရင် ဘယ်လုပ်ငန်း ခွင်မှာပဲ ခိုင်းခိုင်း လက်ရှိမှာ ၁၉၅၁ ခုနှစ် အလုပ်ရုံများဥပဒေ ၂ဝ၁၆ ခုနှစ် ဆိုင်များနှင့်အလုပ် ဌာနများ ဥပဒေတွေနဲ့ အကျုံးဝင်သက်ဆိုင် နေပြီး လုပ်ငန်းခွင်တွေမှာ ခိုင်းစေနေရင် အလုပ်ရှင်ကိုလည်း အရေးယူပါမယ်။ နောက် တစ်ခုက ဥပဒေအရအကျုံးမဝင်တဲ့ ပြင်ပ လုပ်ငန်းတွေမှာရှိနေတဲ့ကလေးတွေဆိုရင်တော့ ပညာပေးလှုပ်ရှားမှုနဲ့ ဖယ်ရှား စောင့် ရှောက်ရေး တွေကို ပူးပေါင်းဆောင်ရွက်သွားပါမယ်''ဟု အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးညွန့်ဝင်းက ပြောသည်။

ဥပဒေအတိုင်း အရေးယူလျှင် စေခိုင်းသော အလုပ်ရှင်များနှင့် သက်ဆိုင်သူများကို သက်ဆိုင်ရာ တရားရုံးများ၏ ဥပဒေပါ စီရင်ချက် အတိုင်း   ငွေဒဏ် အပြင်ထောင်ဒဏ်များ ချမှတ်ကာ အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် ကမ္ဘာတစ်ဝန်း၌ ကလေး အလုပ်သမားဦးရေ ၁၅၂ သန်းရှိကြောင်း ယင်းတွင် ထက်ဝက်ကျော်ခန့်သည် အန္တရာယ်ရှိသော လုပ်ငန်းများတွင် လုပ်ဆောင်နေရ ကြောင်း သိရသည်။ အလားတူ မြန်မာနိုင်ငံ၌လည်း အန္တရာယ် ရှိသော ကျောက်ထုတ်လုပ် ရေးလုပ်ငန်း/အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းနှင့် အုတ်ဖုတ်သော လုပ်ငန်းအပြင်

အခြား ဆိုးရွားသော လုပ်ငန်းခွင်တွင် အလုပ် လုပ်နေသော ကလေးအလုပ်သမားဦးရေ ခြောက်သိန်းကျော် ရှိကြောင်း International Labour Organization (ILO) ၏ စစ်တမ်းများအရ သိရသည်။

မောင်မျိုး(ဧရာဝတီ)

...........

Read 20 times Last modified on Wednesday, 12 June 2019 08:18