SJ WorldNews - шаблон joomla Авто

၂ဝ၂ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် IT နည်းပညာ အသုံးပြုနိုင်ရေး အကြံပြုချက်များ ဆွေးနွေး

Wednesday, 12 June 2019 08:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇွန်   ၁၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည်  အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Saurabh Kumar နှင့်အဖွဲ့အား ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌရုံး  ဧည့်တွေ့ ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို  လွတ်လပ်တရားမျှတ၍ ပွင့်လင်းမြင်သာမှုရှိပြီး အများ ယုံကြည် လက်ခံသည့် ရွေးကောက်ပွဲဖြစ်စေရန် ဆောင်ရွက်နေမှု၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အိန္ဒိယ နိုင်ငံ ရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရွေးကောက်ပွဲ လုပ်ငန်းစွမ်းဆောင်ရည်မြှင့် တင်ခြင်း၊ သင်တန်းများ ဖွင့်လှစ်ပို့ချမှု၊ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် IT နည်းပညာ အသုံးပြု နိုင်ရေး အကြံပြုချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။        

(သတင်းစဉ်)

Read 14 times Last modified on Wednesday, 12 June 2019 08:42