SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ၌ Daewoo City Bus BS 106 နှင့် Lestar Mini Bus တို့ကို တစ်နှစ်လျှင် အစီးရေ ၅ဝဝ ခန့် ထုတ်လုပ်မည်

Wednesday, 12 June 2019 10:51 font size decrease font size decrease font size increase font size increase font size

Daewoo Bus Myanmar Co., Ltd အနေဖြင့် မြန်မာနိုင်ငံ၌ Daewoo  City Bus BS 106 နှင့် Lestar Mini Bus တို့ကို တစ်နှစ်လျှင် အစီးရေ ၅ဝဝ ခန့် ထုတ်လုပ်မည်ဖြစ်ပြီး ပြည်တွင်းသာမက ပြည်ပပို့ကုန် အဖြစ်ပါ ထုတ်လုပ် မည်ဖြစ်ကြောင်း ဇွန် ၁၁ ရက်က ရန်ကုန်မြို့ ပြည်လမ်း ထောက်ကြန့်ရှိ အဆိုပါကုမ္ပဏီ စက်ရုံ၌ပြုလုပ်သည့် Dae-woo  Bus  Myanmar မော်တော်ယာဉ်စက်ရုံ၏ ဘတ်စကား စမ်းသပ်ထုတ်လုပ်ခြင်း   အကြိုသတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

'' BS 106 နဲ့ Lestar ကတော့ တောင်ကိုရီးယားနိုင်ငံမှာ လက်ရှိထုတ်လုပ်နေတဲ့ အမျိုးအစား နှစ်မျိုးဖြစ်ပြီး ပြည်တွင်းသာမက ပြည်ပပို့ကုန်အဖြစ်ပါ ထုတ်လုပ်မှာပါ။ စက်ရုံအတွင်း Production Line တွေကို မော်တော် ယာဉ်စက်ရုံတွေရဲ့  စံချိန်စံညွှန်း အတိုင်း တပ်ဆင်နေပါတယ်'' ဟု Daewoo Bus Myanmar   မှ  မန်နေးဂျင်းဒါရိုက်တာ  ဒေါက်တာကျော်ကျော်အောင် ကပြောသည်။

Production Line အားလုံး၏ အင်ဂျင်နီယာများအား တောင်ကိုရီးနိုင်ငံသို့ စေလွှတ်၍ တပ်ဆင်ပုံများကို လေ့လာသင်ကြားစေခဲ့သည့်အပြင် မြန်မာနိုင်ငံရှိ စက်ရုံ၌ Pilot Production ထုတ်လုပ်ရာတွင်လည်း  တောင်ကိုရီးယားနိုင်ငံ Zyle Daewoo မှ အင်ဂျင်နီယာများ ကိုယ်တိုင် လာရောက်၍  ထပ်မံသင်ကြား ပေးလျက်ရှိသည်။ မော် တော်ယာဉ် ထုတ်လုပ်ရာတွင် BS 106 ကို CKD အဆင့်နှင့် Lestar  Mini Bus ကို Lower Level CKD အဆင့် တပ်ဆင်ထုတ်လုပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ Daewoo Bus Myanmar Co.,Ltd. ကို ၂ဝ၁၇ ခုနှစ် မတ်လက စတင် တည်ထောင်ခဲ့ပြီး   ထောက်ကြန့်ရှိ   ၁၄ ဧက ကျယ်ဝန်းသည့် မြေကွက်ကို အစိုးရထံမှ ငှားရမ်းကာ စက်ရုံ တည်ဆောက်ထားသည်။ ထို့ပြင် Daewoo  Bus Myanmar ၏ Service  Center များကိုလည်း ထောက်ကြန့်၊  မန္တလေးနှင့်  နေပြည်တော်တို့၌    တည်ဆောက် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ 

Read 34 times Last modified on Wednesday, 12 June 2019 10:52