SJ WorldNews - шаблон joomla Авто

မယ်ဆိုင်ချောင်းအတွင်း ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

Wednesday, 12 June 2019 11:14 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အကြားရှိ   မယ်ဆိုင်ချောင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ဇွန် ၁ဝ ရက်  နံနက်ပိုင်းက  စတင်ကာ စက်ယန္တရားများဖြင့်   ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မယ်ဆိုင်ချောင်း အတွင်းမှ ရေများကို ထိုင်းနိုင်ငံဘက်မှ လယ်သမားများက ရေသွယ်ယူခြင်းကြောင့် မယ်ဆိုင်ချောင်းမှာ ရေစီးရေလာ ကောင်းမွန်ခြင်းမရှိဘဲ   ပြီးခဲ့သည့်နွေရာသီတွင် ရေခန်းခြောက်မှုများ ဖြစ်ပေါ်ခဲ့ရာ တာချီလိတ်ခရိုင်  စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်ချက်ဖြင့် မယ်ဆိုင်ချောင်းအတွင်း ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများကို သတ္တုလုပ်ငန်းရှင်များ အသင်းက စက်ယန္တရား အကူအညီဖြင့် ၂ဝ၁၉ ခုနှစ် မေ ၂၉ ရက်မှ ၃၁ ရက်အထိ ပထမအကြိမ် ဆောင်ရွက်ခဲ့ရာ ပေ ၇ဝဝ ခန့်ကို ပြန်လည်တူးဖော် နိုင်ခဲ့ကြောင်း သိရသည်။

ယခုအခါ ဒုတိယအကြိမ် ဆောင်ရွက်ခြင်းဖြစ်ပြီး  ရာသီဥတု အခြေအနေ ကောင်းမွန်ပါက  ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မယ်ဆိုင်ချောင်းရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများကို တာချီလိတ် စီမံခန့်ခွဲမှု ကော်မတီနှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ တာဝန်ရှိသူများနှင့် ၂ဝ၁၉ ခုနှစ် မေ ၂၆ ရက်က  တာချီလိတ်မြို့၌   အလွတ်သဘော တွေ့ဆုံညှိနှိုင်း သဘောတူညီချက်ဖြင့် တာချီလိတ်မြို့ပေါ် ရပ်ကွက် များ၌  မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ မဖြစ်ပွားစေရေး အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း   သိရသည်။

Read 23 times Last modified on Wednesday, 12 June 2019 11:16