SJ WorldNews - шаблон joomla Авто

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဝန်ကြီးဌာန၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များကို ကြည့်ရှု

Thursday, 13 June 2019 09:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၂

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ဇွန် ၁၁ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း)သို့ ရောက်ရှိပြီး   တက္ကသိုလ်၏ သင်ကြားလေ့ကျင့်မှု၊ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များကို ပါမောက္ခချုပ်၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့က ကြီးမှူးကျင်းပသည့် သုတေသန စာတမ်းပြိုင်ပွဲနှင့် စာတမ်းဖတ်ပွဲများတွင် ဆုရရှိသော ဒုတိယပါမောက္ခဒေါက်တာ ဆောင်ဆွမ့်နှင့် ဒုတိယပါမောက္ခ ဒေါက်တာသူဇာတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အိပ်ဆောင်များ၊  စားရိပ်သာများ၊ စာသင်ဆောင်များနှင့် စာပေပညာရပ်များ သင်ကြားပို့ချနေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တက္ကသိုလ်၏ စတင်တည်ထောင်စဉ် ကတည်းက ရှိခဲ့သည့်    အိပ်ဆောင်နှင့် စားရိပ်သာများကို  ရှေးမူမပျက် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ရေး မှာကြားသည်။

ယင်းနောက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့်   တည်ဆောက်လျက် ရှိသော သုံးထပ်စာသင်ဆောင်၊   စုပေါင်းခန်းမ (Theatre)၊ ခြောက်ခန်းတွဲ သုံးထပ်အမှုထမ်းနေအိမ် တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး  စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးရေးတို့ကို စနစ်တကျ စီမံဆောင်ရွက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တက္ကသိုလ်ဝင်းအတွင်း အရိပ်ရလေကာပင်များ၊ အဖိုးတန် ရတနာတန်းဝင် အပင်များ၊ ပန်းအလှပင်များ ပျိုးထောင်ထားရှိမှုနှင့် မိုးရာသီသစ်ပင်စိုက် ပွဲတော်အတွက် ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ   စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)သို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်ကြီးက အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြမှု အပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော ကျောင်းသူ သုံးထပ်အိပ်ဆောင်၊ ကျောင်းသားနှစ်ထပ်စားရိပ်သာ၊ ခြောက်ခန်းတွဲသုံးထပ် ဆရာမများအဆောင် တည်ဆောက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေး မှာကြားကာ ကျောင်းစာကြည့်တိုက်သို့ သွားရောက်ကြည့်ရှု စစ်ဆေး၍ ဘာသာရပ်ဆိုင်ရာနှင့် သုတရသစာအုပ်များ ပိုမိုပြည့်စုံစွာ ထားရှိရေး မှာကြား​ကြောင်း သိရသည်။

(၅ဝဝ)

Read 25 times Last modified on Thursday, 13 June 2019 09:51