SJ WorldNews - шаблон joomla Авто

ပဲခူးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုလျော့ နည်းကျဆင်းရေး အသိပေးဆွေးနွေး

Thursday, 13 June 2019 10:10 font size decrease font size decrease font size increase font size increase font size

ပဲခူးမြို့ မြို့တော်ခန်းမ၌  ဇွန် ၁၂ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ  တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့်  သေဆုံးမှု လျော့နည်းကျဆင်းရေး အသိပေးဆွေးနွေးပွဲ ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ယခင်ကမိုးရာသီမှသာ ဖြစ်ပွားလေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင် တစ်နှစ်ပတ်လုံးဖြစ်ပွားမှု ရှိလာပြီး ဇွန်၊ ဇူလိုင်နှင့်သြဂုတ်လတို့တွင် ဖြစ်ပွားမှု ပိုမိုများပြားနိုင်သဖြင့် ယခုအချိန်မှ စတင်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ  အရှိန်အဟုန်မြှင့်   ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ထမ်းများသာမက လူမှုရေးအဖွဲ့အစည်း

များ၊ မြို့သူမြို့သားများအားလုံး  ပြည်သူလူထုတစ်ရပ်လုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြရန်    အမှာစကားပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးရောဂါမျိုး သယ်ဆောင်သော   ပိုးမွှားကောင်များမှ တစ်ဆင့်   ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေး အဖွဲ့မှ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင့်ဖြိုးသန်းက တိုင်းဒေသကြီး အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု အခြေအနေနှင့် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို   ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက သိလိုသည်များအား ဆွေးနွေးမေးမြန်းရာ ဒေါက်တာဝင့်ဖြိုးသန်းက ပြန်လည်ဖြေကြားသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများက အသိပညာပေး ပြခန်းငယ်အား လှည့်လည် ကြည့်ရှုကြပြီး ကျောင်းသား၊ ကျောင်းသူများ၊   သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ဖူးသော ကလေးမိဘများ၊ ရပ်ကွက်နေပြည်သူများ၊ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွင် ပါဝင်ကူညီသော အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများက အုပ်စုဖွဲ့၍ သွေးလွန်တုပ်ကွေး ရောဂါအကြောင်း စကားဝိုင်း ဆွေးနွေးကြကြောင်း သိရသည်

Read 12 times Last modified on Thursday, 13 June 2019 10:11