SJ WorldNews - шаблон joomla Авто

ဒီးမော့ဆိုမြို့နယ် သေးဆိုလဲကျေးရွာ ခန်းမဆောင်သစ် ဖွင့်လှစ်

Monday, 17 June 2019 10:38 font size decrease font size decrease font size increase font size increase font size

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် သေးဆိုလဲကျေးရွာ၌ ကျေးရွာခန်းမဆောင်သစ် ဖွင့်ပွဲကို ဇွန် ၁၅ ရက် နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်အစိုးရ အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုက အမှာစကားပြောကြားပြီး ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်သူအောင်က လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကျေးရွာခန်းမဆောင်သစ်ကို ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်ဦးစီးမှူးဦကျော်သူအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောစိန်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လှိုင်နှင့် ကျေးရွာပြည်သူ တစ်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

အဆိုပါ ခန်းမဆောင်မှာ အလျား ၇၅ ပေ၊ အနံပေ ၄ဝ၊ အမြင့် ၁၉ ပေရှိပြီး လူထုဗဟိုပြု စီမံကိန်း ရန်ပုံငွေကျပ် ၁၆၈၉၃၁၅ဝ၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေကျပ် ၂ဝ၅၃၃၃၅ဝ စုစုပေါင်းငွေကျပ် ၃၇၄၂၆၅ဝဝ ဖြင့် ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ကြီးဒဲရယ

Read 21 times Last modified on Monday, 17 June 2019 10:39