SJ WorldNews - шаблон joomla Авто

ဥရောပ ခြောက်နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ခွင့်ပြု

Tuesday, 18 June 2019 12:19 font size decrease font size decrease font size increase font size increase font size

ဥရောပနိုင်ငံ ခြောက်နိုင်ငံကို  ဗီဇာကင်းလွတ်ခွင့်   စမ်းသပ်ကာလ တစ်နှစ်အဖြစ် လာမည့်ခရီးသွားရာသီ  အောက်တိုဘာလမှ ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလအထိ ဝင်ရောက်ခွင့် ပြုမည်ဖြစ်ကြောင်း  ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန   ခရီးသွား ညွှန်ကြားမှုဦးစီးဌာန   ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့်  သတင်းပြန်ကြားရေးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးထံမှ သိရသည်။

ထိုသို့ခွင့်ပြုရာတွင် Visa on Arrival ဆိုက်ရောက်ဗီဇာစနစ်ဖြင့် စမ်းသပ်ကာလ တစ်နှစ်အတွင်း  အီတလီ၊ စပိန်၊ သြစတြေးလျ၊ ဂျာမနီ၊  ဆွစ်ဇာလန်နှင့်  ရုရှားနိုင်ငံတို့ရှိ ခရီးသွား ဧည့်သည်များကို  ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းသို့ အနောက်နိုင်ငံသား ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု နည်းပါးနေသဖြင့် ယင်းနိုင်ငံသားများ ဝင်ရောက်လာစေရန် ရည်ရွယ်၍ ဗီဇာကင်းလွတ်ခွင့်ပြုရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ မကြာမီ ခရီးသွားဧည့်သည်နှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ သိရှိစေရန်  အသေးစိတ် အချက်အလက်များကို   တရားဝင် ထုတ်ပြန်ကြေညာပေးမည် ဖြစ်ကြောင်း  သိရသည်။ 

Read 23 times Last modified on Tuesday, 18 June 2019 12:19