SJ WorldNews - шаблон joomla Авто

ဓမ္မာစရိယ စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ

Tuesday, 18 June 2019 12:25 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်   ဇွန်   ၁၇

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေး ဦးစီးဌာနက ကျင်းပပြီးစီးခဲ့သော ၁၃၈ဝ ပြည့်နှစ်(၂ဝ၁၉ ခုနှစ်) ဓမ္မာစရိယ စာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့အနွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုခဲ့ကြရာ ဓမ္မာစရိယဖြေဆိုသူ သုံးကျမ်းအောင်(ကျမ်းပြီး) ၁ဝ၁၇ ပါး၊ နှစ်ကျမ်းအောင် ၉ဝ၅ ပါး၊ တစ်ကျမ်းအောင် ၁၁၂၃ ပါး၊ ပါဠိဂုဏ်ထူးအောင် နှစ်ပါး၊ မြန်မာစာဂုဏ်ထူးအောင် ခုနစ်ပါး စုစုပေါင်း ၃ဝ၅၄ ပါး အောင်မြင်တော်မူကြသည်။

စုစုပေါင်းဖြေဆိုသူ ၂၂၈၄၄ ပါး/ဦးအနက် အောင်မြင်သူ ၃ဝ၅၄ ပါး/ဦးဖြစ်၍ ၁၃ ဒသမ ၃၇ ရာခိုင်နှုန်း အောင်မြင်ကြသည်။

၁၃၈ဝ ပြည့်နှစ် (၂ဝ၁၉ ခုနှစ်) ဓမ္မာစရိယ စာမေးပွဲတွင် အောင်မြင်ကြသော သံဃာတော်များ၊  သာသနာ့အနွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များအနက်  ဓမ္မာစရိယ သုံးကျမ်းအောင် ပထမ၊ ဒုတိယ၊ တတိယနှင့် သီလရှင် ပထမရရှိခဲ့ကြသော အထူးအောင်ပုဂ္ဂိုလ်များမှာ ပထမ(အဂ္ဂမဟာကျော်)-ခုံအမှတ်(ဎဂ/၇၃၁) ဦးကာရုဏိက ၈/ငမန(သ)ဝဝ၁၁၉၂ မစိုးရိမ်တိုက်သစ် ပြည်ကြီးတံခွန်မြို့နယ် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယ-ခုံအမှတ်(ကန/၁ဝ၄၅) ဦးကောဝိဒ ၉/ခအဇ(သ)ဝဝ၂၈၃ဝ တပ်တွင်းပရိယတ္တိ စာသင်တိုက် လှိုင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး၊ တတိယ-ခုံအမှတ်(ဎဂ/၇၄ဝ) ဦးယသဗလ ၉/ပကခ(သ)ဝဝ၁၃၇၉ မစိုးရိမ်တိုက်သစ် ပြည်ကြီးတံခွန်မြို့နယ် မန္တလေးတိုင်းဒေသကြီး၊ သီလရှင် ပထမ-ခုံအမှတ်(ကန/၁၈၂၂) မဒီပစာရီ သမိဒ္ဓေါဒယသုခိတာရာမ ဒေါ်ဉာဏစာရီ မြန်အောင်ကျောင်း စမ်းချောင်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးတို့ ဖြစ်ကြသည်။

၁၃၈ဝ ပြည့်နှစ်(၂ဝ၁၉ ခုနှစ်) ဓမ္မာစရိယစာမေးပွဲ အောင်စာရင်းများကို နေပြည်တော်/တိုင်းဒေသကြီး/ ပြည်နယ် သံဃနာယကအဖွဲ့ ရုံးများ၌ လည်းကောင်း၊ နေပြည်တော်/တိုင်းဒေသကြီး /ပြည်နယ် သာသနာရေးမှူးရုံးများ၌ လည်းကောင်း၊  သက်ဆိုင်ရာ စာဖြေဌာန များရှိ မြို့နယ်သံဃနာယက အဖွဲ့ရုံးများနှင့် မြို့နယ်သာသနာရေးမှူး ရုံးများ၌ လည်းကောင်း ကြည့်ရှုနိုင်ပြီး နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ Website www. mahana.org.mm ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန Website www.mora gov.mm နှင့် သာသနာရေး ဦးစီးဌာန Website www.dra.gov.mm တို့တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သာသနာရေး ဦးစီးဌာနမှ သိရသည်။

(သတင်းစဉ်)

Read 57 times Last modified on Tuesday, 18 June 2019 12:26