SJ WorldNews - шаблон joomla Авто

ခရီးသည်နှင့် ကုန်တင်ဆောင်ပြေးဆွဲသည့် လိုင်စင်မဲ့ မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေး အရေးယူ

Wednesday, 19 June 2019 09:28 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ် မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုလမ်းမကြီးရှိ ၂၁ မိုင် စုပေါင်း စစ်ဆေးရေးဂိတ်၌ ခရီးသည်နှင့်ကုန်တင်ဆောင်ပြေးဆွဲသည့် လိုင်စင်မဲ့ မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေး အရေးယူခြင်းကို ဇွန် ၁၇ ရက် နံနက်ပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ရှောင်တခင် စစ်ဆေးရာတွင် မြစ်ကြီးနားမြို့ အမှတ်(၁၅)ယာဉ်ထိန်း ဒုတိယတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယရဲမှူး ကျော်စိုးဦး ဦးစီးသည့် ပူးပေါင်းအဖွဲ့၊ ပူးပေါင်းစစ်ဆေးရေးဂိတ် တာဝန်ခံ ဒုတိယရဲအုပ်တင်အောင်ထွန်းနှင့် ပူးပေါင်း အဖွဲ့ဝင်များ၊ မြစ်ကြီးနားခရိုင် ပုဂ္ဂလိကယာဉ်များ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးဇော်ဇော်နှင့် ကော်မတီဝင်များ၊ မြစ်ကြီးနားမြို့နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ မြစ်ကြီးနား-ဖားကန့်ပြေးဆွဲမည့် ကျော်ကျော်ဟန်မောင်းနှင်သည့် MDY-3M/---- တိုယိုတာပရိုဘောက်စ်မော်တော်ယာဉ်အား စစ်ဆေးရာ မော်တော်ယာဉ်နှင့် ပတ်သက်၍ အထောက်အထားတစ်စုံတစ်ရာ မပြနိုင်သဖြင့် သိမ်းဆည်းပြီး မြစ်ကြီးနားနယ်မြေ ရဲတပ်ဖွဲ့စခန်းက(ပ)၂၅၂/၂ဝ၁၉၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အရ အမှုဖွင့် အရေးယူခဲ့သည်။

အလားတူ အောင်သူလင်း မောင်းနှင်သည့် MDY-2I/---- လိုင်စင်မဲ့ယာဉ်၊ နေလင်းထွန်းမောင်းနှင်သော YGN-13/--- မော်တော်ယာဉ်၊ စိုးမိုးကျော်မောင်းနှင်သည့် YGN-1M/---- မော်တော်ယာဉ်နှင့် အောင်ကျော်မောင်းနှင်သည့် MDY-3M/---- မော်တော်ယာဉ်တို့မှာ ယာဉ်လိုင်စင်မပါရှိဘဲ ခရီးသည်နှင့် ကုန်စည်များအား အခကြေးငွေ ယူဆောင်ပြေးဆွဲလျက် ရှိကြောင်း စစ်ဆေးတွေ့ရှိသဖြင့် သိမ်းဆည်းပြီး မြစ်ကြီးနားနယ် မြေရဲတပ်ဖွဲ့စခန်းက ပို့ကုန်သွင်းကုန်ဥပဒေများအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Read 21 times Last modified on Wednesday, 19 June 2019 09:29