SJ WorldNews - шаблон joomla Авто

ဖလမ်းမြို့နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များဖွံ့ ဖြိုးရေး သင်တန်းကျောင်း၌ စာအုပ်စာစောင်များ ငှားရမ်းပေး

Wednesday, 19 June 2019 09:31 font size decrease font size decrease font size increase font size increase font size

စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းနှင့် နယ်လှည့်ဟောပြောပွဲ၊ ဓာတ်ပုံနှင့် နံရံကပ် စာစောင်ပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဖလမ်းခရိုင် ရုံးဝန်ထမ်းများက ဇွန် ၁၇ ရက် ညနေပိုင်းက ဖလမ်းမြို့နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပသည်။

ကျောင်းသားများအား စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် သုတ၊ ရသ၊ မဂ္ဂဇင်း၊ ဝတ္ထုစသော စာအုပ်များနှင့် သိမှတ်ဖွယ်ရာစာအုပ် အမျိုးမျိုးတို့ကို ဝန်ထမ်းများက ငှားရမ်းပေးပြီး ဖလမ်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိဦးရှိန်းတမ်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် များအကြောင်း၊ ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါး အန္တရာယ်ကင်းဝေးနိုင်ရေး ဟောပြောဆွေးနွေးသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းပြသထားသော မှတ်တမ်းဓာတ်ပုံများနှင့် နံရံကပ်စာစောင်များကို ကျောင်းသားများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။ ဂျွန်

Read 32 times Last modified on Wednesday, 19 June 2019 09:32