SJ WorldNews - шаблон joomla Авто

AIR KBZ လေကြောင်းလိုင်းက ပြင်သစ်နိုင်ငံမှ မှာယူထားသည့် လေယာဉ်အသစ် လေးစင်းအနက် ဒုတိယအသုတ် အနေဖြင့် ယခုလအတွင်း နှစ်စင်း ရောက်ရှိမည်

Wednesday, 19 June 2019 11:39 font size decrease font size decrease font size increase font size increase font size

AIR KBZလေကြောင်းလိုင်းအနေဖြင့် ပြင်သစ်နိုင်ငံမှ မှာယူထားသည့်  လေယာဉ်အသစ် လေးစင်းအနက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယခုလအတွင်း ဒုတိယအသုတ် အနေဖြင့် နှစ်စင်း ရောက်ရှိမည်ဖြစ်ကြောင်း AIR KBZ လေကြောင်းလိုင်းမှ Chief    Operation  Officer  (COO) ဦးကျော်ဟန်၏ ပြောကြားချက်အရ   သိရသည်။

အဆိုပါ လေယာဉ်အသစ်များကို  လေကြောင်းခရီးစဉ်များ   တိုးချဲ့ပျံသန်းနိုင်ရန် မှာယူထားခြင်းဖြစ်ပြီး ဒုတိယအသုတ် အနေဖြင့် ဇွန် ၂၂ ရက်နှင့်၂၉ ရက်တို့တွင် ရောက်ရှိမည်ဖြစ်သည်။   အဆိုပါလေယာဉ်များသည် ATR 72-600 လေယာဉ်များဖြစ်ပြီး ပထမအသုတ်အနေဖြင့်  မေ ၆ ရက်က လေယာဉ်အသစ်နှစ်စင်း  ရောက်ရှိပြီးဖြစ်သည်။ 

AIR  KBZ လေကြောင်းလိုင်းသည် ပြည်တွင်းဈေးကွက်အတွင်း ၂ဝ ရာခိုင်နှုန်းအထိ ရရှိထားပြီး ထပ်မံရောက်ရှိလာမည့် လေယာဉ်သစ်လေးစင်း အပါအဝင် စုစုပေါင်း လေယာဉ် ၁ဝ စင်းဖြင့် ခရီးစဉ်များကို ပျံသန်းပေးမည်ဖြစ်သည်။ ထို့ပြင် ယခုနှစ် တွင် လေယာဉ်အစင်းရေ  နှစ်ဆတိုးမြှင့်ပြီး ဈေးကွက်ဝေစု   ၁၅  ရာခိုင်နှုန်း တိုးတက်ရရှိရန် လုပ်ဆောင်မည်ဖြစ်သည်။

''အခုနောက်ပိုင်းနှစ်တွေမှာ ပြည်တွင်းလေကြောင်း စီးနင်းသူဦးရေ တိုးတက်မှု ရှိလာပါတယ်။ ဒီအတွက် လေယာဉ်အသစ်တွေနဲ့ ခရီးစဉ်တွေ တိုးချဲ့ပျံသန်းနိုင်ဖို့ စီစဉ်ရပါတယ်။ အရင်က လေယာဉ်ခြောက်စင်းနဲ့ ပြည်တွင်းခရီးစဉ် ၁၃ ခုကို  ပျံသန်းပေးနေတာ ဖြစ်ပါတယ်''ဟု  ဦးကျော်ဟန် ကပြောသည်။

အဆိုပါလေကြောင်းလိုင်း အနေဖြင့် အသစ်ရောက်ရှိလာမည့် လေယာဉ်လေးစင်း အပါအဝင်  လေယာဉ် စုစုပေါင်း  ၁ဝ  စင်းဖြင့်   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့်  မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် တို့ကို အခြေပြုလျက် ပြည်တွင်းခရီးစဉ်များ ပျံသန်းမည်ဖြစ်သည်။ ပြည်တွင်းခရီးစဉ်များ အနေဖြင့်   နေပြည်တော်၊   ဟဲဟိုး၊  မြစ်ကြီးနား၊ တာချီလိတ်၊    လွိုင်ကော်၊ ညောင်ဦး၊  ထားဝယ်၊  မြိတ်၊  စစ်တွေ၊ ကော့သောင်း၊ ကလေး၊ သံတွဲနှင့် လားရှိုးမြို့တို့ကို ပျံသန်းလျက် ရှိကြောင်း သိရသည်။

Read 20 times Last modified on Wednesday, 19 June 2019 11:40