SJ WorldNews - шаблон joomla Авто

ဌာနနှစ်ခု ညှိနှိုင်း လုပ်ဆောင်နေရသော ရန်ကုန်မြို့လမ်းမီး စနစ်ကို YCDC က ပြန်လည်လွှဲပြောင်း တာဝန်ယူ

Wednesday, 19 June 2019 12:32 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့အတွင်း   လမ်းမီးစနစ်ကို ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC) နှင့်   ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC)တို့ တာဝန်ယူ လုပ်ဆောင်နေရာမှ   ယခုအခါ ယင်းလုပ်ငန်း အားလုံးကို  YCDCက  လွှဲပြောင်းတာဝန်ယူ  လုပ်ဆောင်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါလမ်းမီးစနစ်တွင်     ယခင်က ဓာတ်တိုင်များ၊ ဓာတ်အားလိုင်းကြိုးများနှင့် ပတ်သက်၍ ယိုယွင်းပျက်စီးမှုများ အပါအဝင် လိုအပ်သည့်  ပြင်ဆင်ဆောင်ရွက်မှုများကို YESC က တာဝန်ယူလုပ်ဆောင်ပြီး  မီးသီးများ လဲလှယ်ခြင်းနှင့် ပြင်ဆင်ခြင်း လုပ်ငန်းများကို YCDC က တာဝန်ယူ လုပ်ဆောင်ခြင်းဖြစ်သည်။

 ''ဌာနနှစ်ခု   တာဝန်ယူထားကြတာကို တချို့က သိပ်မသိကြဘူး။ တစ်ခုနဲ့တစ်ခုကလည်း တစ်ခါတလေ ချိတ်ဆက်မှု အားနည်းတာတွေ ရှိပါတယ်။ မီးမလင်းရင်  မီးသီးကြောင့်လား၊ လိုင်းကြိုးကြောင့်လား ဆိုတာ စစ်ဆေး လုပ်ဆောင်တဲ့အခါ ဌာနနှစ်ခု လုပ်ဆောင်တာဖြစ်တဲ့အတွက် မလိုအပ်ဘဲ အချိန်ကြာမြင့်တာတွေ ရှိတတ်တယ်။ အခုလို ဌာနတစ်ခုတည်း   တာဝန်ယူလုပ်ဆောင် တဲ့အခါ  ပိုပြီးမြန်မြန်ဆန်ဆန် လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်'' ဟု ၎င်းကပြောသည်။

ထို့ကြောင့် ယခုအခါ YCDC ကသာ လမ်းမီး လုပ်ငန်းအားလုံးကို ဆောင်ရွက်နေ ပြီးလိုအပ်သည့် မွမ်းမံမှုများ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ 

 

Read 43 times Last modified on Wednesday, 19 June 2019 12:36