SJ WorldNews - шаблон joomla Авто

ကျောက်ဖြူမြို့၌ ၂ဝ၁၉ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

Thursday, 20 June 2019 11:51 font size decrease font size decrease font size increase font size increase font size

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် သစ်တောဦးစီးဌာနကကြီးမှူး၍ ၂ဝ၁၉ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ကျောက်ဖြူဘိုးဘွားရိပ်သာ ခြံဝင်းအတွင်း မြေကွက်လပ်၌ ကျင်းပသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးစိုးမိုးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ကျောက်ဖြူပညာရေး ကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများသည် ကျွန်းပင် ၅ဝ၊ မဲဇလီပင် ၅ဝ၊ မန်ဂျန်ရှားပင် ၅ဝ၊ ယူကလစ်ပင် ၅ဝ၊ ကုက္ကိုပင် ၅ဝ စုစုပေါင်း အရိပ်ရပင်၂၅ဝ ကို စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

Read 45 times Last modified on Thursday, 20 June 2019 11:56