SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့တော်ခန်းမမှ Public ဌာနတချို့ကို ပြောင်းရွှေ့ရန် စီစဉ်

Thursday, 20 June 2019 12:48 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့တော်ခန်းမမှ   Public ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် ဌာနတချို့ကိုဗိုလ်တထောင်မြို့နယ် လေမှုတ်စက်ရုံဝင်း အနီးရှိ   မြေနေရာသို့ ပြောင်းရွှေ့ရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော်   စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးသန်း ၏ပြောပြချက်အရ သိရသည်။

''အများပြည်သူက မြို့တော်ခန်းမမှာပဲ လာပြီး စုနေတဲ့အတွက်ကြောင့် ယာဉ်ကြော ကျပ်တယ်။ One Stop Service လုပ်ပေးချင်ပေမယ့်    ကျပ်ကျပ်တည်းတည်းနဲ့ တိုးဝှေ့ပြီး   ဆောင်ရွက်နေရတဲ့ အတွက် ဝင်ထွက်ရတာတွေကို လုံခြုံရေးအရ ထိန်းကွပ်ရတာတွေရှိတယ်။ သူတို့ လွတ်လွတ်လပ်လပ်နဲ့   ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင်  အပြင်မှာ အဆောက်အအုံ ချဲ့ပြီးရင်  ဝန်ဆောင်မှုဌာနတွေ အပြင်ကိုရွှေ့မယ်''ဟု ဦးသန်း ကပြောသည်။

ယင်းကဲ့သို့ပြောင်းရွှေ့ရာတွင်   Public  ဝန်ဆောင်မှုလုပ်ငန်းများ   ဆောင်ရွက်နေသည့် ဝန်ဆောင်မှုဌာန တချို့သာ ရွှေ့မည်ဖြစ်ပြီး   မြို့တော်ခန်းမ၌  ရှိသင့်ရှိထိုက်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန၊ စီမံရေးရာဌာနနှင့် ဘတ်ဂျက်ရေးရာဌာနများ ဆက်လက် ထားရှိမည်ဖြစ်သည်။

''နောက်တစ်ခု  Time City  ဆောက်နေတယ်။ အဲဒီအဆောက်အအုံကလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြန်ရမယ့် အချိုးအစားတစ်ခုရှိတယ်။ အဲဒီမှာလည်း  ပြောင်းရွှေ့သင့်တဲ့ ဌာနတွေ ပြောင်းဖို့ ရှိပါတယ်''ဟု ဦးသန်း ကပြောသည်။

လက်ရှိတွင် Time City Project ကို ရန်ကုန်မြို့တော်     စည်ပင်သာယာရေး ကော်မတီနှင့် Crown Advanced Construction Co.,Ltd. တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေပြီး  ၁ဝ ဧကခန့် ကျယ်ဝန်းကာ  Jewellery Mall ၊ Shopping Mall ၊Office Tower ၊ Plaza ၊ Condo လူနေအိမ်ခန်းများ၊ Basement သုံးထပ်ပါ ကားအစီးရေ ၂ဝဝဝ ဝန်းကျင် ရပ်နားနိုင်မည့် ကားပါကင်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Read 37 times Last modified on Thursday, 20 June 2019 12:48