SJ WorldNews - шаблон joomla Авто

ရေစီးရေလာကောင်းမွန်ရေး အုတ်စီရေမြောင်း ဆောင်ရွက်လျက်ရှိ

Thursday, 11 July 2019 11:42 font size decrease font size decrease font size increase font size increase font size

ဖယ်ခုံမြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့တွင်းရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများအနက် ဈေးလမ်းမြို့မ ဈေးရှေ့မျက်နှာစာတွင် အုတ်စီရေမြောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

''မိုးများရင် ဒီနားတစ်ဝိုက်မှာ ရေတွေဝင်ပြီးတော့ ရွှံ့ဗွက်တွေပဲဖြစ်နေတယ်။ ဈေးသူ၊ဈေးသားတွေနဲ့ ဈေးလာသူတွေရော ဒီရွှံ့ဗွက်တွေကို ဖြတ်သန်းသွားလာ နေကြရတယ်။

အခု ဒီရေမြောင်း လုပ်လိုက်တဲ့အတွက် ရေစီးရေလာကောင်းမွန်ပြီး  ရွှံ့ဗွက်ဖြစ်ခြင်းကို သက်သာစေမှာပါ''ဟု မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာ ဦးရန်နိုင်စိုးက ပြောသည်။

အဆိုပါ အုတ်စီရေမြောင်းကို    မြို့နယ်စည်ပင်သာယာရေး ကော်မတီက၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ် ငွေလုံးငွေရင်း လုပ်ငန်းခွင့်ပြုငွေကျပ် သိန်း ၃ဝ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင့်နိုင်၊ အတွင်းရေးမှူး ဦးမြတ်သူနှင့် တာဝန်ရှိသူများက ဇူလိုင် ၁ဝ ရက်နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာ ဦးရန်နိုင်စိုးက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းလုပ်ငန်းများ ပြီးစီးပါက မြို့မဈေးရှိဈေးသူ၊ ဈေးသားများ၊ မြို့နယ်စည်ပင်သာယာရေးရုံး၊ ဈေးတန်းရပ်ကွက်နေ ပြည်သူများနှင့် မြို့သန့်ရှင်းသာယာလှပရေး ရေစီးရေလာ ကောင်းမွန်ရေးအတွက် များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။    ကိုထွေး(ဖယ်ခုံ)

Read 16 times Last modified on Thursday, 11 July 2019 11:43