SJ WorldNews - шаблон joomla Авто

ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့် ရာပြည့် သဘင်အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂ဝ၁၉) ကျင်းပ

Thursday, 11 July 2019 11:45 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်  ၁ဝ

ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့် ရာပြည့်သဘင် အခမ်းအနားကျင်းပရေး    ဦးစီးကော်မတီ  လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂ဝ၁၉)ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန စုဝေးခန်းမ၌ကျင်းပရာ    ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့် ရာပြည့်သဘင် အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊    ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊     ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊   ဦးခင်မောင်ချို၊   ဒေါက်တာသန်းမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးစိုးဝင်း၊ ဦးဟန်ဇော်၊ ဒေါက်တာ ဝင်းမြတ်အေး၊ ဦးအုန်းမောင်၊ နိုင်သက်လွင်နှင့် ဦးကျော်တင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးကြည်မင်း၊ ဒေါက်တာရဲမြင့်ဆွေနှင့် ဦးဝင်းမော်ထွန်း၊   ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီဥက္ကဋ္ဌ၊ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကားပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကား ပြောကြားသည်။

ယင်းနောက် ဦးစီးကော်မတီအတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့် ရာပြည့်သဘင်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပညာရေးမြှင့်တင်ရေး(Soft-ware) ကဏ္ဍနှင့်    အခြေခံအဆောက်အဦနှင့် ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်ရေး (Hardware) ကဏ္ဍဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက အထွေထွေဆွေး နွေးကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းဆွေးနွေးချက်များနှင့် စပ်လျဉ်း၍  ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့် ရာပြည့်သဘင် အခမ်းအနားများကို ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်မှစ၍  အချိန်တစ်လကျော်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပြီး အကြိုလှုပ်ရှားမှုများအဖြစ် ကျောင်းသား၊ ကျောင်းသူဟောင်းများ တွေ့ဆုံဆွေးနွေးပွဲများ၊ ဘာသာရပ် အသီးသီးမှ အငြိမ်းစားယူခဲ့ကြသည့် ဆရာ၊ ဆရာမကြီးများ အာစရိယပူဇော်ပွဲများ၊ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ မိတ်ဆုံညစာစားပွဲနှင့် ဂီတဖျော်ဖြေပွဲများ၊  ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ်ထုတ်ဝေသည့်   သုတေသန စာတမ်းများ၊ စာအုပ်၊ စာစောင်များ၊ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းများ၊ သမိုင်းဝင် စာအုပ်စာတမ်းပြပွဲများ၊ ရန်ကုန်တက္ကသိုလ်သမိုင်း ပြုစုထုတ်ဝေခြင်း၊ အထိမ်းအမှတ်စာစောင်များ ထုတ်ဝေခြင်း၊ လက်ကမ်းစာစောင်များထုတ်ဝေခြင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးဆိုင်ရာ ပညာပေးစာတမ်းများ ရေးသားပြုစုခြင်း၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများဆိုင်ရာ ပညာပေးစာတမ်းများ   ပြုစုထုတ်ဝေခြင်း၊ ပြင်ပပညာရှင်များ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ဟောပြောပွဲများ၊ အဆောင်အလိုက်   ဟောပြောပွဲများ၊ အဆောင်ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ တွေ့ဆုံဆွေးနွေးပွဲများ၊ ကျောင်းသား၊ ကျောင်းသူများ တီထွင်ထားသည့် သိပ္ပံပစ္စည်းများ၊ အိုင်တီပစ္စည်းများနှင့် ပရောဂျက်များအား ပြသခြင်း၊ ပြည်တွင်းပြည်ပ ပညာရှင်များ၏ အိုင်တီနည်းပညာဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ၊ ခေတ်အလိုက်  ဝတ်စားဆင်ယင်မှုပြိုင်ပွဲများ၊   တက္ကသိုလ်နှင့်သက်ဆိုင်သော ရှေးဟောင်းရုပ်ရှင်များပြသခြင်း၊ ပျော်ပွဲရွှင်ပွဲ ဈေးရောင်းပွဲများ၊   ပဒေသာကပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။     

Read 26 times Last modified on Thursday, 11 July 2019 11:46