SJ WorldNews - шаблон joomla Авто

ပြည်ထဲရေး ၀န်ကြီးဌာန မိသားစု၏ (၁၄)ကြိမ်မြောက် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

Friday, 12 July 2019 09:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်  ၁၁

ပြည်ထဲရေးဝန်ကြီးဌာန မိသားစု၏  (၁၄) ကြိမ်မြောက် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို  ယနေ့နံနက် ပိုင်းတွင် နေပြည် တော်ရှိ ပြည်ထဲရေး ၀န်ကြီးဌာန စုစည်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး နိုင်ငံတော် သြ၀ါဒါစရိယ ပျဉ်းမနားမြို့ မဟာ ၀ိသုတာ ရာမ ဈေးကုန်းကျောင်းတိုက် ဦးစီးပဓာန  နာယကဆရာတော်   အဘိဓဇ မဟာရဋ္ဌဂုရု ဘဒက ၀ိသာရထံမှ တက်ရောက်လာသည့်  ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက် တည်ကြကာ ဆရာတော် များ ရွတ်ပွားသရဇ္ဈာယ် တော်မူသည့် မေတသုတ် ပရိတ်တရားတော် များကို နာယူကြသည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ နှင့် တာဝန်ရှိသူများက  နိုင်ငံတော် သြ၀ါဒါစ ရိယ  ပျဉ်းမနားမြို့   မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက်  ဦးစီးပဓာနနာယကဆရာတော်  အဘိဓဇမဟာရဋ္ဌဂုရု ဘဒက၀ိသာရနှင့် သံဃာတော်များထံ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝ္ထု ပစည်းများ ဆက်ကပ် လှူဒါန်းကြကာ မဟာ ၀ိသုတာရာမဈေးကုန်းကျောင်းတိုက်     ဦးစီး ပဓာနနာယကဆရာတော်ထံမှ အနုမောဒနာ တရား နာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက်  ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် အခမ်းအနားကို    ဗုဒသာသ နံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ရုပ်သိမ်းပြီး သံဃာ တော်များအား   နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြ သည်။

အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် အဖွဲ့ဝင်များ၊  တပ်ဖွဲ့ / ဦးစီး ဌာနများမှ ရဲချုပ်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ၀န်ထမ်း များနှင့်မိသားစုဝင်များ တက်ရောက်ကြကြောငိးရသည်။

နိုင်ထွန်း

Read 12 times Last modified on Friday, 12 July 2019 10:00