SJ WorldNews - шаблон joomla Авто

(၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြော

Friday, 12 July 2019 11:49 font size decrease font size decrease font size increase font size increase font size

ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ် အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဇူလိုင် ၁၁ ရက်မွန်းလွဲပိုင်းတွင် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊  စာအုပ်စာစောင်နှင့် ဓာတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲကျင်းပသည်။

ပြပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံ(၃)နော်ဝုတ်စတီးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အကြောင်းကို ဟောပြောသည်။

ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ်များ၊ အာဇာနည်ကိုးဦး၏ မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာရသည့် အကြောင်းအရာများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကိုးဦး၏ အတ္ထုပ္ပတ္တိ၊ ကိုယ်ရေးအချက်အလက်၊ နံရံကပ်စာစောင်များ၊ ဓာတ်ပုံပြဘုတ်များကို လေ့လာကြည့်ရှုကြကြောင်းသိရသည်။

အလားတူ ဘားအံမြို့ ဘားကပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား မျိုးချစ်စိတ်ဓာတ်များရှင်သန်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာများ ရရှိစေရေးအတွက်ဇူလိုင် ၁ဝ ရက်နံနက်ပိုင်းက (၇၂)နှစ်မြောက်အာဇာနည်နေ့အကြို ဟောပြောသည်။

ဟောပြောပွဲတွင်  ဘားကပ်ကျေးရွာ  အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီအေးက အဖွင့်အမှာစကားပြောကြားပြီး ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စိုးစိုးအေးက (၇၂)နှစ်မြောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းလင်းပြောကြားကာ အမှတ်(၇ဝ)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်ဝင်းသန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်အကြောင်းတို့ကို ဟောပြောသည်။

ဆက်လက်၍ တက်ရောက်လာကြသောအထက်တန်း၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်ခေါင်းဆောင်ကြီးကိုးဦး၏ အတ္ထုပ္ပတ္တိများ၊ ဘဝဖြစ်စဉ်များကို နံရံကပ်စာစောင်အဖြစ်ပြသပေးပြီး စာအုပ်စာစောင်များကို ဖတ်ရှုစေကြောင်း သိရသည်။         

Read 28 times Last modified on Friday, 12 July 2019 11:50