SJ WorldNews - шаблон joomla Авто

အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ညောင်ဝိုင်းကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် အခမဲ့ကုသခြင်းများ ဆောင်ရွက်

Friday, 12 July 2019 11:50 font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ညောင်ဝိုင်းကျောင်း၌   လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးဖြင့်   အခမဲ့ကုသခြင်း လုပ်ငန်းများကို ဇူလိုင် ၁ဝ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်ကြောင်း   သိရသည်။

အဆိုပါဟောပြောပွဲတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ဌေးဌေးလှိုင်က လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း၏  ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး   လူကုန်ကူးမှု တားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ  ဒုတိယရဲအုပ် ညီညီအောင်က  လူကုန်ကူးမှု၏ ဆိုးကျိုးများ၊  ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာပေးဟောပြောကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

ဆက်လက်၍   မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှဦးစီးမှူး  ဒေါ်တင့်ခိုင်စိုးက ကျောင်းသား၊  ကျောင်းသူလေးများ အား   သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် ကာကွယ်ရန်နည်းလမ်းများကို ရှင်းလင်း အသိပညာပေး ဟောပြောခဲ့ပြီး  ခေါင်းမူး၊ ခေါင်းကိုက်၊ ဇက်ကြောတက်၊  သွေးတိုး၊ နှလုံးရောဂါများရှိသည့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များအား  တိုင်းရင်းဆေးဖြင့် အခမဲ့ဆေးကုသပေးသည်။

ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူကုန်ကူး မှုအသိပညာပေးနံရံ ကပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနဦးစီးမှူးဒေါ်ဌေးဌေးလှိုင်၊   လူကုန်ကူးမှု တားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ   ဒုတိယရဲအုပ် ညီညီအောင်၊ မြို့နယ်   တိုင်းရင်းဆေးပညာဦးစီးဌာန ဦးစီးမှူး ဒေါ်တင့်ခိုင်စိုးနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)

Read 10 times Last modified on Friday, 12 July 2019 11:51