SJ WorldNews - шаблон joomla Авто

မော်လိုက်မြို့နယ် ညောင်ဝန်းကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ငါးလုံးကြိုတင်ရွှေ့ပြောင်းထားရ

Friday, 12 July 2019 11:51 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်လောင်းကောင်းကျေးရွာအုပ်စု ညောင်ဝန်းကျေးရွာ၌ ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းပါးများပြိုကျ၍မြစ်ကမ်းနှင့် နီးကပ်နေသော လူနေအိမ်ငါးလုံးအား ဇူလိုင် ၁ဝ ရက်က ကြိုတင်ရွှေ့ပြောင်းထားရကြောင်း ညောင်ဝန်းကျေးရွာ ရာအိမ်မှူးထံမှ သိရသည်။

''အခုရွှေ့ပြောင်းလိုက်ရတဲ့ နေအိမ်တွေက  မြစ်ကမ်းပါးနှင့်အလွန်နီးကပ်လာပြီး အန္တရာယ်ရှိလာတဲ့အတွက်    ကြိုတင် ရွှေ့ပြောင်းရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ညောင်ဝန်းကျေးရွာမှာ နှစ်စဉ်ဖြစ်ပေါ်နေတဲ့ မြစ်ကမ်းပါးပြိုကျမှုတွေ လျော့နည်းရေးအတွက် ညောင်ဝန်းကျေးရွာအထက်ဘက်မှာ ရေကာတာသုံးခုလောက်ကို ထပ်မံဆောင်ရွက်ပေးစေလိုပြီး ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကိုလည်း  ဆောင်ရွက်ပေးစေလိုပါတယ်'' ဟု ညောင်ဝန်းကျေးရွာရာအိမ်မှူး ဦးကံဆင့်ကပြောသည်။

အဆိုပါမြစ်ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းကြရသည့်   ပြည်သူများ အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အနေဖြင့်လည်း ရွှေ့ပြောင်းထားရသည့် နေအိမ်နှစ်လုံးအား ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဆက်လက်၍ စာရင်းများ ရရှိလာပါက အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊    မော်လိုက်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ထောက်ပံ့နိုင်ရေး အိမ်ထောင်စု ၅ဝဝ စုအတွက်   ထောက်ပံ့ရေးပစ္စည်းများ အဆင့်ဆင့်သိုလှောင်ထားရှိပြီးဖြစ်ကြောင်း နှင့်မြစ်ကမ်း ပါးပြိုကျမှု ကြောင့် ရွှေ့ပြောင်းကြရသည့် နေအိမ်များအတွက် တစ်အိမ်လျှင် ငွေကျပ် တစ်သိန်းနှုန်း၊ ထောက်ပံ့ရေးပစ္စည်း ၁ဝ မျိုးပါပုံးတစ်ပုံးနှင့် တစ်ပတ်စာ ဆန်ဖိုးတစ်ဦးလျှင် ငွေကျပ် ၂၁ဝဝ တို့ကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း  ဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုဦးစီးဌာနရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။မော်လိုက်သားလေး

Read 10 times Last modified on Friday, 12 July 2019 11:52