SJ WorldNews - шаблон joomla Авто

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကယားပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

Thursday, 18 July 2019 09:19 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်  ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ကယားပြည်နယ် လွှတ်တော် ဖရူဆို မဲဆနနယ် အမှတ်(၂)ကိုယ်စားလှယ် ဦးခင်မောင်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ  လိုက်ပါလျက် ယမန်နေ့က ကယားပြည်နယ် ဖရူဆိုမြို့နယ်နှင့  ဘောလခဲမြို့နယ်တို့အတွင်းရှိ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာ၌ နံနက်ပိုင်းတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဖရူဆိုမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးသို့ရောက်ရှိပြီး တာဝန်ရှိသူများက  ဖရူဆိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  ဆောင်ရွက် နေမှု အခြေ အနေများကို  ရှင်းလင်းတင်ပြရာ  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ   ညှိနှိုင်း ဆောင်ရွက်ပေးကာ ရုံးဝင်းအတွင်း   တည်ဆောက်လျက်ရှိသော နှစ်ခန်းတွဲနှစ်ထပ် ၀န်ထမ်းအိမ်ရာပြီးစီးမှုအခြေ အနေ များကို ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် ဖရူဆို- လောထောတနော-ဒိုးပရယ်လမ်း(၂/၃)မိုင် ကတရာခင်းခြင်း လုပ်ငန်းခွင်သို့ လည်းကောင်း၊ ဟိုယာ-ရီခီးဘူးလမ်း (၁/၆)မိုင် လမ်းတာချဲ့ ခြင်းလုပ်ငန်းနှင့် (၂/၂)မိုင် ကတရာ ခင်းခြင်းလုပ်ငန်းခွင်သို့ လည်းကောင်း သွားရောက်စစ်ဆေး သည်။ ထို့နောက် သက်ဆိုင်ရာကုမဏီများ၏ တာဝန်ခံအင်ဂျင်နီယာများက လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြရာ    ပြည်ထောင်စု ၀န်ကြီးကလုပ်ငန်းများ သတ်မှတ်ကာလ အတွင်းပြီးစီးရေး၊ အရည်အသွေးစံချိန်စံညွှန်း ကောင်းမွန်စေရေး၊ ရေစီးရေလာ ကောင်းရန် အတွက် ရေနုတ်မြောင်းများနှင့် လမ်းပခုံးများ ကို စနစ်တကျဆောင်ရွက်သွားရေး မှာကြား ပြီး     လမ်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို   မော်တော်ယာဉ်ဖြင့် လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ရီခီးဘူးကျေးရွာ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ် နေသည့် တန်ဖိုးနည်းအိမ်ရာ အလုံး ၂၀ ဆောက်လုပ် ပြီးစီးမှုအခြေအနေများကို    ကြည့်ရှုစစ်ဆေး ပြီး ရီခီးဘူးဒေသအတွင်းရှိ ကျေးရွာ ၁၀ ရွာမှ  မူလတန်းကျောင်းများတွင်  လိုအပ်လျက်ရှိသည့် မီးလိုင်းတပ်ဆင်ခြင်းနှင့် အခြားသော လိုအပ်ချက်များဆောင်ရွက်နိုင်ရန် ထောက်ပံ့ ငွေများပေးအပ်သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲ ပိုင်းတွင်  ဘောလခဲခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးသို့ရောက်ရှိပြီး ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးက ဘောလခဲခရိုင်အတွင်း   ဒေသဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့်ဝန်ထမ်း ရေးရာ ကိစရပ်များ တင်ပြရာ  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ၀န်ထမ်း များနှင့် တွေ့ဆုံကာ နယ်စပ်ရေးရာ ၀န်ကြီးဌာန၀န်ထမ်းများအနေဖြင့်   နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆင့်ကဲတာဝန်ယူတာဝန်ခံမှုဖြင့် ဒေသခံပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်းပြီး   စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်ရေး၊ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို နိုင်ငံတော်၏ခွင့်ပြုတန်ဖိုးဖြင့သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ရရှိအောင်   ကြိုးပမ်း ဆောင်ရွက်ရေးတို့ကို အသေးစိတ် ရှင်းလင်းမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်   နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များဖွံ့ဖြိုးရေး သင်တန်းကျောင်း (ဘောလခဲ) သို့ရောက်ရှိပြီးကျောင်းဝင်းအတွင်းရှိ  အိပ်ဆောင်များ၊ စားရိပ်သာများ၊ စားဖိုဆောင် များနှင့် စာကြည့် တိုက် တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ကျောင်းအုပ်ကြီး၏ တင်ပြချက်အပေါ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရ သည်။

Read 23 times Last modified on Thursday, 18 July 2019 09:21