SJ WorldNews - шаблон joomla Авто

ထီးချိုင့်မြို့နယ်တွင် ဧရာဝတီမြစ်ရေ တိုးမှုကြောင့် နီးစပ်ရာ ရေဘေးရှောင် ယာယီကယ်ဆယ်ရေး စခန်းသို့ ရေဘေးသင့် ပြည်သူများ ထပ်မံ ရောက်ရှိ

Thursday, 18 July 2019 09:56 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ်တွင် ဇူလိုင် ၁၇ ရက် မွန်းတည့် ၁၂ နာရီ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ၇၉၄ စင်တီမီတာ ထိရောက်ရှိနေပြီး ထီးချိုင့်မြို့၏ စိုးရိမ်ရေမှတ်ထက် ၄၁ စင်တီမီတာ  ကျော်လွန်ရောက်ရှိနေကြောင်းနှင့် ဧရာဝတီမြစ်ရေ တိုးမှုကြောင့် ထီးချိုင့်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ ရေဘေးရှောင် ယာယီကယ်ဆယ်ရေး စခန်းနှင့် နီးစပ်ရာ ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့ခိုလှုံလျက် ရှိကြောင်း သိရသည်။

ရေဘေးရှောင်ယာယီ ကယ်ဆယ်ရေးစခန်းသို့ အမှတ်(၃)ရပ်ကွက်မှ အိမ်ထောင်စု ၄၉ စု လူဦးရေ ၂ဝ၇ ဦးမှာ နီးစပ်ရာ ဆွေမျိုးများအိမ်သို့ လည်းကောင်း၊အမှတ်(၄)ရပ်ကွက်မှ အိမ်ထောင်စု ၁၇ စု လူဦးရေ၈၉ ဦးမှာ ရွှေစည်းခုံဘုန်းကြီးကျောင်းသို့ လည်းကောင်း၊ မြတောင်ကျေးရွာ အိမ်ထောင်စု တစ်စု လူဦးရေ ခြောက်ဦးမှာ မြတောင်ကျေးရွာ ဖောင်တော်ဦးဘုန်းကြီးကျောင်းသို့ လည်းကောင်း၊ မြတောင်ကျေးရွာ အိမ်ထောင်စု ၁၉ စု လူဦးရေ ၈၃ ဦးမှာ နီးစပ်ရာဆွေမျိုးများအိမ်သို့ လည်းကောင်း၊ မြတောင်ကျေးရွာအုပ်စု အောင်သာယာကျေးရွာ အိမ်ထောင်စုတစ်စု လူဦးရေခြောက်ဦးမှာ နီးစပ်ရာ ဆွေမျိုးများအိမ်သို့ လည်းကောင်း၊ မြတောင်အုပ်စု သပြေလှကျေးရွာတွင် အိမ်ထောင်စုတစ်စု လူဦးရေ လေးဦးမှာ   နီးစပ်ရာဆွေမျိုးများအိမ်သို့ လည်းကောင်း၊ ကြက်တကောင်ကျေးရွာ အိမ်ထောင်စု ၃၅ စု လူဦးရေ ၁၆၈ ဦးမှာ နီးစပ်ရာဆွေမျိုးများအိမ်သို့ လည်းကောင်း ပြောင်းရွှေ့ခိုလှုံကြပြီး ကြက်တကောင်ကျေးရွာ အိမ်ထောင်စု  တစ်စု လူဦးရေ လေးဦးမှာ ကမ်းပါးပြိုနေအိမ် ပြောင်းရွှေ့ထားကြောင်းသိရသည်။

၂ဝ၁၉ ခုနှစ် ဇူလိုင် ၁၅ ရက်မှ  ၁၆  ရက် ညနေ ၆   နာရီအထိ  ထီးချိုင့်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ထပ်မံတင်ပြလာသည့် စာရင်းများအရ ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းသို့ အိမ်ထောင်စု ၂၂၁ စု လူဦးရေ ၁ဝ၃ဝ ဦး ရောက်ရှိလာကြောင်း သိရသည်။

Read 39 times Last modified on Thursday, 18 July 2019 09:57