SJ WorldNews - шаблон joomla Авто

စစ်ကိုင်းတိုင်း ဒေသကြီးရှိ သစ်တော ဧရိယာများ အတွင်း ယခုနှစ်မိုးရာသီတွင် ကျွန်းနှင့် ပျဉ်းကတိုး ဧက ၂၆ဝဝ စိုက်ပျိုးမည်

Monday, 22 July 2019 09:54 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး  မြို့နယ် ၁၃မြို့နယ်အတွင်းရှိ သစ်တောဧရိယာ အတွင်း ကျွန်းနှင့် ပျဉ်းကတိုးစိုက်ခင်းဧက ၂၆ဝဝ ကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်  မိုးရာသီတွင် အပြီး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန  လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကျော့ကျော့အောင်၏ ပြောကြားချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန အနေဖြင့် ယခုဘဏ္ဍာနှစ်တွင် တန်ဖိုးမြင့် သစ်အမျိုးအစားများဖြစ်သော  ကျွန်းနှင့် ပျဉ်းကတိုးသစ်မျိုးများ ဧက ၂၆ဝဝ ကို မိုးရာသီ ကာလအတွင်း စိုက်ပျိုးလျက်ရှိရာ ၂ဝ၁၉ ခုနှစ် ဇွန်လကုန်အထိ ကျွန်းစိုက်ခင်း ၁၆၅၅ ဧကနှင့်ပျဉ်းကတိုး စိုက်ခင်းဧက ၂ဝဝ စုစုပေါင်း ၁၈၅၅ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်သည်။

ကျွန်းစိုက်ခင်းများ စိုက်ပျိုးပြီးစီးမှု အနေဖြင့် ကန့်ဘလူမြို့နယ် အတွင်းရှိ သော်ကြိုးဝိုင်းအတွင်း ဧက ၄ဝဝ၊ ကောလင်းမြို့နယ် အတွင်းရှိ ကျွန်းတောကြိုးပြင် ကာကွယ်တော အတွင်း ၁၂၅ ဧက၊ ထီးချိုင့်မြို့နယ် ဂဟဲကြိုးဝိုင်း အတွင်း ဧက ၁၅ဝ၊ ပင်လည်ဘူးမြို့နယ် နန့်ဘရန့်ကြိုးဝိုင်းအတွင်း ဧက ၈ဝ၊ ဝန်းသိုမြို့နယ် ဖီလေးကြိုးဝိုင်းအတွင်း ၁၃၅ ဧက၊ အင်းတော်မြို့နယ် ဂဟဲကြိုးဝိုင်း အတွင်း ဧက ၁၅ဝ၊ ပျဉ်းကတိုးစိုက်ခင်း ဧက ၂ဝဝ ကို ကသာမြို့နယ် အောင်ပုံ-နတ်တံခါးကြိုးပြင် ကာကွယ်တောအတွင်း စိုက်ပျိုး ပြီးစီးပြီဖြစ်သည်။

ထို့ပြင် ကနီမြို့နယ်ရှိ ပင်ထောင်ကြိုးဝိုင်းအတွင်း ကျွန်းစိုက်ခင်းဧက ၅ဝ၊ ပုလဲမြို့နယ် ခင်အေးကြိုးဝိုင်းအတွင်း  ကျွန်းစိုက်ခင်း၂၁၅ ဧက၊ ကလေးမြို့နယ်ရှိ ပန်းမတောင်ကြိုးပြင် ကာကွယ်တောအတွင်း ကျွန်းစိုက်ခင်း ဧက ၁ဝဝ၊ ကလေးဝမြို့နယ်ရှိ ကြာပင်ကြိုးဝိုင်းအတွင်း ကျွန်းစိုက်ခင်း ဧက ၁ဝဝ၊ မင်းကင်းမြို့နယ်ရှိ သံပေါက်ကြိုးဝိုင်းအတွင်း   ကျွန်းစိုက်ခင်းဧက ၁ဝဝ၊ မော်လိုက်မြို့နယ်ရှိ မော်ကူးကြိုးဝိုင်းအတွင်း ကျွန်းစိုက်ခင်းဧက ၅ဝ   စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း  သိရသည်။

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် မိုးရာသီအတွင်း စိုက်ပျိုးရန် လျာထားသည့် ကျွန်း/ပျဉ်းကတိုး စိုက်ဧက ၂၆ဝဝ အနက်မှ စိုက်ရန် ကျန်ရှိသော ၇၄၅ ဧကကို လျာထားချက် ပြည့်မီရေး စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ် သစ်တောဦးစီးဌာနများမှ ဝန်ထမ်းများက ဆက်လက် စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။             

Read 72 times Last modified on Monday, 22 July 2019 09:55