SJ WorldNews - шаблон joomla Авто

အချိန်နှင့်တစ်ပြေးညီ ကူညီ ကယ်ဆယ်နိုင်ရေး အတွက် မြိတ်မြို့ မီးသတ်စခန်း၌ အသင့်စုဖွဲ့ထား

Monday, 22 July 2019 10:02 font size decrease font size decrease font size increase font size increase font size

တနင်္သာရီတိုင်းဒေသကြီး   မြိတ်ခရိုင်အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက  ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေးအတွက်  မြိတ်မြို့ မီးသတ်စခန်း၌ ရှာဖွေကယ်ဆယ်ရေး တပ်စုတစ်စု  အရန်သင့် စုဖွဲ့ထားရှိကြောင်း သိရသည်။

''ရုတ်တရက် ဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာရင် စုဖွဲ့ထားရှိတဲ့ ရှာဖွေကယ်ဆယ်ရေး တပ်စုတစ်စုကို ၃၅ ဦးနဲ့ ရှာဖွေ ကယ်ဆယ်ရေးယာဉ်၊ လူနာတင် ယာဉ်တွေနဲ့ ချက်ချင်းသွားရောက်ကာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်မှာဖြစ်ပါတယ်။ မိုးတွင်းကာလမှာ တခြားသောမြို့တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး ရေနစ်မြုပ်မှုတွေ ဖြစ်နေပါတယ်။မြိတ်မြို့နဲ့ အနီးပတ်ဝန်းကျင်မှာ ဖြစ်ပွားလာရင် ရှာဖွေကယ်ဆယ်ရေး ရေယာဉ်တစ်စင်းနဲ့ အသက်ကယ် ပစ္စည်းတွေနဲ့  အချိန်မီသွားရောက် ကူညီကယ်ဆယ်နိုင်ဖို့ စုဖွဲ့ထားရှိပါတယ်''ဟု မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးစိုးကျော်သူက ပြောသည်။

မြိတ်မြို့မီးသတ်စခန်းတွင် ရှာဖွေကယ်ဆယ်ရေး မော်တော်ယာဉ် နှစ်စီး၊ ရှာဖွေကယ်ဆယ်ရေး ရေယာဉ် တစ်စင်း၊ လူနာတင်ယာဉ် တစ်စီး၊ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းမျိုးစုံနှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်ရှာဖွေ ကယ်ဆယ်ရေး တပ်စုတစ်စုနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင် ရှာဖွေကယ်ဆယ်ရေး တပ်စုတစ်စု ဖွဲ့စည်းထားရှိသည်။

ထို့ပြင် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအား   ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများဖြင့်   အပတ်စဉ် လေ့ကျင့်လျက်ရှိကြောင်း  မြိတ်မြို့မီးသတ် ဦးစီးဌာနမှ  သိရသည်။

Read 50 times Last modified on Monday, 22 July 2019 10:03