SJ WorldNews - шаблон joomla Авто

မိုးကောင်းဘူတာအတွင်းရှိ ရထားသံလမ်းပေါ် သစ်ပင်ပြိုလဲ

Tuesday, 13 August 2019 12:38 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ်    မိုးကောင်းမြို့နယ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သြဂုတ် ၁၂ ရက် နံနက် ၅ နာရီတွင် မိုးကောင်းဘူတာမှ မြစ်ကြီးနား ဘူတာအထွက် ရထားသံလမ်းပေါ်သို့ သစ်ပင်လဲကျသဖြင့် ရထားလမ်း ပိတ်ဆို့ မှုဖြစ်ပွားကြောင်း   သိရသည်။

မိုးကောင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမြင့်ပေ ၄ဝ ခန့်နှင့် လုံးပတ် ၄ ပေခန့်ရှိ စိန်ပန်းပင်မှာ မိုးကောင်းဘူတာမှ မြစ်ကြီးနား ဘူတာအထွက် ရထားသံလမ်းပေါ်သို့ လဲကျခြင်းဖြစ်ကာ ရထားလမ်း ပိတ်ဆို့မှုဖြစ်ပွားခဲ့သဖြင့် မိုးကောင်းဘူတာသို့ ဆိုက်ရောက်လာသည့်     အမှတ်(၃၃) အဆန်   မန္တလေး-မြစ်ကြီးနား   လေအိတ် ရထားမှာ  မိုးကောင်းဘူတာတွင်   ရပ်တန့် စောင့်ဆိုင်းခဲ့ရသည်။

ထိုသို့ရပ်တန့်မှုကြောင့် ရထားစီး ခရီးသည်များ သတ်မှတ်အချိန်အတိုင်း ခရီးဆက်လက် ထွက်ခွာနိုင်ရန်  မိုးကောင်းမြို့နယ်  မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးချမ်းငြိမ်းသူ ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက မိုးကောင်းဘူတာရုံမှ ရထားဝန်ထမ်းများနှင့် ပူးပေါင်းကာ လဲကျသစ်ပင်ကို   ခုတ်ထွင်ရှင်းလင်း ဖယ်ရှားပေးခြင်းကြောင့် အမှတ်(၃၃)အဆန် မန္တလေး- မြစ်ကြီးနားရထားမှာ နံနက် ၅ နာရီ ၃၅ မိနစ်တွင်   ပြန်လည်ထွက်ခွာ နိုင်ကြောင်း သတင်း ရရှိသည်။

Read 17 times Last modified on Tuesday, 13 August 2019 12:38