SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ဆင်များနေ့ ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာ ဆင်စခန်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပ

Tuesday, 13 August 2019 12:42 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို   မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ်  အနောက်ပုလင်းကျေးရွာ အနီး၌ ဖွင့်လှစ်ထားသော ပလင်းကမ်းသာယာဆင်စခန်းဝင်း အတွင်း သြဂုတ် ၁၂ ရက် နံနက်ပိုင်းက စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။

ညောင်ဦးမြို့နယ်တွင် ဖွင့်လှစ်ထားသော ပလင်းကမ်းသာယာ ဆင်စခန်းဝင်းအတွင်း ကျင်းပရာသို့ သြဂုတ် ၁၂ ရက်တွင် လာရောက် လေ့လာလည်ပတ်သည့် ခရီးသွားဧည့်သည်များနှင့် ဘုရားဖူး ဧည့်သည်များအား အခမဲ့ ဝင်ခွင့်ပေးခြင်း၊ ဆင်များအား အခမဲ့ဆင်အစာ ကျွေးစေခြင်းများ ဆောင်ရွက်စေသည်။

ဆင်များအား ချစ်ခင်မြတ်နိုး တန်ဖိုးထားစိတ်ဖြစ်လာစေရန်နှင့် ဆင်များနှင့် ပတ်သက်သည့် ဗဟုသုတ အချက်အလက်များကို ကမ္ဘာ့ဆင်များနေ့တွင် လာရောက်လည်ပတ်သည့် ခရီးသွား ဧည့်သည်များ၊ ဘုရားဖူးဧည့်သည်များနှင့် ပုလင်းကျေးရွာ ကျောင်းသား၊ ကျောင်းသူများအား လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကို က ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လက်ထောက်အထွေထွေ မန်နေဂျာ  ဦးအောင်ဌေးက  ကမ္ဘာပေါ်ရှိ ဆင်များကို    ကာကွယ်ထိန်းသိမ်းကြရန် ရည်ရွယ်၍ ၂ဝ၁၂ ခုနှစ်  သြဂုတ် ၁၂ ရက်မှ စတင်ကာ ကနေဒါနိုင်ငံသား ရုပ်ရှင်ထုတ်လုပ်သူ Patricia Sims နှင့် ထိုင်းနိုင်ငံ အခြေစိုက်  Elephant Reintroduction Foundation  မှ အထွေထွေ အတွင်းရေးမှူး Sivaporn Dardarananda တို့က စတင်ကျင်းပခဲ့ရာ ယခုဆိုလျှင် ကမ္ဘာ့ဆင်များနေ့ကို ကူညီပံ့ပိုးပေးနေသည့် နိုင်ငံပေါင်း  ၇ဝ နီးပါး ရှိပြီဖြစ်ကြောင်း ပြောကြားသည်။

ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ်အဖြစ် ပလင်းကမ်းသာယာ ဆင်စခန်းရှိ   ဆင်များအား  နာနတ်သီး၊ သရက်သီး၊  ကြံချောင်း၊ ဖရဲသီး၊ သခွားသီး၊ အုန်းသီးနှင့်  ငှက်ပျောသီးများ ဘူဖေး ကျွေးမွေးကြောင်း သတင်း ရရှိသည်။      

Read 40 times Last modified on Tuesday, 13 August 2019 12:43