SJ WorldNews - шаблон joomla Авто

ငဖဲမြို့နယ် မန်းချောင်း ရေလှောင်တမံ ရေပိုလွှဲမှ ရေအမြင့် ၁ ဒသမ ၅ဝ ပေ ရေကျော် စီးဆင်းလျက်ရှိ

Tuesday, 20 August 2019 10:07 font size decrease font size decrease font size increase font size increase font size

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ ရေပိုလွှဲမှ ရေအမြင့် ၁ ဒသမ ၅ဝ ပေ ရေကျော် စီးဆင်းလျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံသည် သြဂုတ် ၁၉ ရက် နံနက် ၆ နာရီ တိုင်းထွာချက်အရ ရေအမှတ်  ၆၂၆ ဒသမ ၅ဝပေတွင် ရှိနေပြီး သုံးရက်အတွင်း မိုးရေချိန် သုည ဒသမ ၁၅ လက်မရရှိကာ ဆည်ရေပြည့်အမှတ် ၆၂၅ ဒသမ ဝဝ ပေ ဖြစ်ပြီး ယခုရောက်ရှိနေသော ရေကျော်အမှတ်မှာ ၆၂၆ ဒသမ ၅ဝ ပေဖြစ်ကာ ရေပိုလွှဲမှ ရေအမြင့်    ဒသမ ၅ဝ ပေကျော် စီးဆင်းနေကြောင်း၊  ၂၄ နာရီ ရေကင်းတာဝန် ချထားပြီး အထက်အဆင့်ဆင့်သို့ နာရီစဉ် သတင်းပေးပို့လျက် ရှိကြောင်း၊ မျက်မြင်စစ်ဆေးမှု အရ တမံ

နှင့် ဆက်စပ် အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်ပြီး  ထူးခြားမှုရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့၍   အရေးပေါ် အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက်အရ   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန်းချောင်းရေလှောင်တမံ ထိန်းသိမ်းရေး တာဝန်ခံ ဦးမောင်မောင်ဝင်းက ပြောသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊တိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ တည်ဆောက်ရေး(၃)ညွှန်ကြားရေးမှူး၊ မင်းဘူးခရိုင်လက်ထောက်ညွှန်ကြားရေးမှူးတို့နှင့်အတူ  မန်းချောင်းရေလှောင် တမံသို့ သြဂုတ် ၁၈ ရက် နေ့လယ်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ရေကျော်မှုနှင့်စပ်လျဉ်း၍  တာဝန်ရှိသူများ၏ တင်ပြမှု၊ စစ်ဆေးခဲ့မှုများအပေါ် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက တိုင်းဒေသကြီး/ ခရိုင်အဆင့်  တာဝန်ရှိသူများနှင့်   မန်းချောင်း ရေလှောင်တမံ ထိန်းသိမ်းရေး    တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။                   

Read 30 times Last modified on Tuesday, 20 August 2019 10:08