SJ WorldNews - шаблон joomla Авто

ရေဘေးသင့်ပြည်သူများ အတွက် အရန်ဆန်ရိက္ခာ ဆန်တန်ချိန် ၁ဝ တန်လှူဒါန်း

Tuesday, 20 August 2019 10:26 font size decrease font size decrease font size increase font size increase font size

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက်   ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၁ဝ တန်ကို  သြဂုတ် ၁၈ ရက်နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနမှ   တာဝန်ရှိသူများ လာရောက် လှူဒါန်းသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က အမှာစကား ပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက အာဆီယံအပေါင်း  (၃) အရေးပေါ် အရန်ဆန်ရိက္ခာ ထောက်ပံ့လှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ APTERR အစီအစဉ်အရ လှူဒါန်းသော ဆန်များကို ညွှန်ကြားရေးမှူးချုပ်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးထံ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူတို့က ရေဘေးသင့် ပြည်သူများအား  အရန်ဆန်အိတ်  ၂၅ဝ ကို ပြန်လည်ပေးအပ် လှူဒါန်းပေးရာ  ရေဘေးသင့်ပြည်သူများ၏ ကိုယ်စား ညောင်ဝိုင်းရပ်ကွက်မှ ဦးမြင့်ခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း  သတင်း ရရှိသည်။

Read 24 times Last modified on Tuesday, 20 August 2019 10:26