SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ကျေးလက်နေ ပြည်သူများ အသက်မွေးဝမ်းကျောင်း လုပ်ငန်း အထောက်အကူပြု ဝါးအခြေခံ လက်မှုပညာ သင်တန်းဖွင့်လှစ်

Tuesday, 08 August 2017 09:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၇

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီး ဌာနနှင့် ကိုရီးယား သစ်တောဌာန (KFS) တို့ ပူးပေါင်းဖွင့်လှစ်သည့် ကျေးလက်နေ ပြည်သူများ၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်း အထောက်အကူပြု ဝါးအခြေခံ လက်မှုပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိ မြို့နယ်ရှိ သစ်တော သုတေသနဌာန (ရေဆင်း) စုဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း) ဦးကျော်ကျော်လွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများ၊ သုတေသီများနှင့် သင်တန်းသား ကျေးလက်နေ ပြည်သူများ တက်ရောက်ကြသည်။ သစ်တော ဦးစီးဌာနသည် ဝါးအခြေခံ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဝါးအခြေခံ နည်းပညာများ ဖွံ့ဖြိုးတိုးတက် လာစေရန် စီစဉ်ဆောင်ရွက်လျက် ရှိရာ ယခုဖွင့်လှစ်သည့် သင်တန်းကို ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း တိုးပွားပြီး လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝ အခြေခံ လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ ကျွမ်းကျင်စွာ တတ်မြောက်စေရန်၊ သစ်တောများ ထာဝစဉ် တည်တံ့စေရန်နှင့် စီမံအုပ်ချုပ်မှုတွင် တက်ကြွစွာ ပူးပေါင်းပါဝင် လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။

အဆိုပါ သင်တန်းသည် ကိုရီးယား သစ်တောဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသော REDD+ စီမံကိန်း အထောက်အပံ့ဖြင့် ကျောက်တံခါးမြို့နယ် အတွင်းရှိ ကျေးရွာများအတွက် ဒုတိယအကြိမ် ဖွင့်လှစ်ပေးခြင်း ဖြစ်ပြီး ဒေသအတွင်း အဓိက လိုအပ်သည့် အတတ်ပညာ ဖြစ်စေရေးအတွက် ဒေသခံ ကျေးရွာများက အဆိုပြုသည့် ဈေးကွက် အလွယ်တကူ ရရှိနိုင်သော ဝါးဆက်တီထိုင်ခုံ၊ ဝါးပက်လက် ကုလားထိုင်၊ ဆန်ကော၊ ဆန်ခါခုံးနှင့် အုပ်ဆောင်း ပြုလုပ်နည်းများကို သင်ကြားပို့ချသွားမည် ဖြစ်သည်။ ယင်းသင်တန်းကို သြဂုတ် ၁၈ ရက်အထိ လေ့ကျင့်သင်ကြား ပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၂ဝ ဦး တက်ရောက်ကြကြောင်း သိရသည်။

Read 334 times Last modified on Tuesday, 08 August 2017 09:32