SJ WorldNews - шаблон joomla Авто

ပန်းဥယျာဉ်နှင့် ကစားကွင်းများ၌ ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများ၏ ငှားရမ်းခ နှုန်းထားများ ပြင်ဆင်ရန် ဆောင်ရွက်နေ

Thursday, 22 August 2019 09:21 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့တော်  စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် ကစားကွင်းများ၌  ဖွင့်လှစ်ထားသည့်  ဈေးဆိုင်ခန်းများ၏   ငှားရမ်းခနှုန်းထားများ  ပြင်ဆင်ရန် ဆောင်ရွက်နေကြောင်း  ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာန ဌာနမှူး ဦးကိုကိုလင်း၏ ပြောဆိုချက်အရ သိရသည်။

လက်ရှိတွင် နှစ်စဉ်နှစ်တိုင်း  စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့် အညီ နှုန်းထားများ ပြင်ဆင်ဆောင်ရွက်မှုကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကုန်တောင်ပိုင်းခရိုင်နှင့် ရန်ကုန်မြောက်ပိုင်း ခရိုင်တို့၌ လုပ်ဆောင်ခဲ့ပြီး ရန်ကုန်အနောက်ပိုင်း ခရိုင်တွင်သာ လုပ်ဆောင်ရန် ကျန်ရှိတော့ကြောင်း သိရသည်။  ကျန်ရှိနေသေးသည့် ရန်ကုန်အနောက်ပိုင်း ခရိုင်၌ သြဂုတ်စတုတ္ထပတ်အတွင်း    ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

''ဆိုင်ခန်းတွေကို    တစ်နှစ်တစ်ကြိမ် စာချုပ်ချုပ်တယ်။   အခုလိုနှုန်းထားတွေ ပြင်ဆင်ညှိနှိုင်း ပေးတာကလည်း ဆိုင်တွေရဲ့ဝင်ငွေ ထွက်ငွေအပေါ် မူတည်ပြီး တိုးမြှင့်တာပါ''ဟု ဦးကိုကိုလင်း ကပြောသည်။

ထိုသို့ဆောင်ရွက်နိုင်ရန် အချက်အလက်များ ကောက်ခံကာ ယင်းအချက်အလက်များအား လုပ်ထုံးလုပ်နည်းများနှင့် အညီ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံ တင်ပြကာ အတည်ပြုချက် ရယူမည်ဖြစ်ပြီး အတည်ပြုချက် ရရှိပါက ငှားရမ်းသူနှင့် ငှားရမ်းသည့်ဌာနတို့ သဘောတူစာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

Read 19 times Last modified on Thursday, 22 August 2019 09:22