SJ WorldNews - шаблон joomla Авто

ဒုတိယအကြိမ် Rose Garden Hotel Wedding Fair 2019 ပြပွဲကျင်းပမည်

Thursday, 22 August 2019 09:40 font size decrease font size decrease font size increase font size increase font size

Myanmar Wedding Talk မှ ကြီးမှူး၍ ဒုတိယအကြိမ်မြောက် Rose Garden Hotel Wedding Fair 2019 ပြပွဲကို သြဂုတ် ၃၁ ရက်နှင့်   စက်တင်ဘာ ၁ ရက်တို့တွင်    ရန်ကုန်မြို့ရှိ  Rose  Garden Hotel ၌  ကျင်းပ မည်ဖြစ်ကြောင်း  ယင်းဟိုတယ်၌ သြဂုတ် ၂ဝ ရက်တွင် ပြုလုပ်သည့် စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားမှ သိရသည်။

''ဒီဟိုတယ်က   ကမ်းလှမ်းမှုကြောင့် Aromaက   ပူးပေါင်းပါဝင် ဖြစ်တာပါ။ နောက်ပြီး  Aroma က Wedding One Stop Service ပေးနေပါတယ်။ ဒီဟိုတယ်နဲ့ လက်တွဲပြီး အလုပ်လုပ်လာတာ နှစ်နှစ်ရှိပါပြီ။ ပွဲကတော့  တစ်နှစ်ကို  နှစ်ကြိမ်ပြုလုပ်ဖြစ်တယ်''ဟု Aroma တည်ထောင်သူ ကိုစိန်လင်း ကပြောသည်။

ယင်းပြပွဲသို့  လာရောက်မည့် မင်္ဂလာမောင်နှံများနှင့်    ဧည့်သည်များကို အထူးလျှော့ဈေး အနေဖြင့် Wedding Package    ရောင်းချပေးမည့်အပြင် နာမည်ကြီး ဒီဇိုင်နာတို့၏ ဆန်းသစ်သော ဖက်ရှင်ရှိုးနှင့်  Lucky Drawအစီအစဉ်တို့ ပါဝင်မည်ဖြစ်သည်။

Lucky Draw အစီအစဉ်တွင် မင်္ဂလာမောင်နှံများ ဟန်းနီးမွန်းထွက်ရန် သင့်လျော်သောမြို့ရှိ Victoria Cliff  Hotel ၊ Bay View Resort ၊ My Hpa-An Residence By Amata ၊ Aureum Palace Hotel တို့အပြင် အင်းလေး၊  ပုဂံနှင့်  ပဲခူးမြို့တို့မှ ဟိုတယ်များ၌ ၃ဝ ရာခိုင်နှုန်း Discount  ဖြင့် တည်းခိုနေထိုင်နိုင်မည့် အစီအစဉ်များ ပါဝင်မည်ဖြစ်သည်။

ထို့ပြင် ပွဲတော်ကျင်းပသည့် ရက်အတွင်း စုံစမ်းဝယ်ယူကြသော မင်္ဂလာမောင်နှံများကို Rose Garden Hotel ၏ Catering Team မှ မင်္ဂလာပွဲဝန်ဆောင်မှုအဖြစ် ခန်းမစီစဉ်ပေးခြင်း၊ ဟန်းနီးမွန်းခရီးစဉ်  စီစဉ်ပေးခြင်း၊အထူးနှုန်းသတ်မှတ် လျှော့ချပေးခြင်း၊ Pre Wedding Photo ပြသရန် LED  Board တပ်ဆင်ပေးခြင်း၊ ရေခဲပန်းပုနှင့် ပန်းအလှဆင်ပေးခြင်း၊ အစားအသောက်များ ရွေးချယ်နိုင်ခြင်းတို့ စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။

Read 20 times Last modified on Thursday, 22 August 2019 09:41