SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံ၏ အိမ်ခြံမြေ ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုများလာ

Thursday, 22 August 2019 09:51 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံသားများ အနေဖြင့်  ထိုင်းနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု  ပိုမိုများပြားလာကြောင်း မြန်မာ့အိမ်ခြံမြေ ဈေးကွက်အတွင်းရှိ စိုင်းခွန်နောင် ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးစိုင်းခွန်နောင်၏ ပြောဆိုချက်အရ သိရသည်။

''ထိုင်းမှာ အိမ်ခန်းဝယ်တဲ့ မြန်မာနိုင်ငံသားတွေက  တစ်နှစ်ထက်တစ်နှစ် များလာတယ်။  ဘာလို့ဝယ်လဲဆိုတော့   သူတို့မှာ အားသာချက်တွေ ရှိတယ်။ အဲဒါကတော့ အဓိက ငွေကြေးဖောင်းပွမှုပါ။   ပြီးခဲ့တဲ့ နှစ်နှစ်၊  သုံးနှစ်ကဆိုရင်  ထိုင်းတစ်ဘတ်ကို ငွေကျပ် ၃၅ ကျပ်လောက်ရှိတယ်။   အခု နှစ်နှစ်လောက် ခြားသွားတော့   ဒီနှစ်မှာ  ငွေကျပ် ၅ဝ လောက်ဖြစ်နေတယ်။ အဲဒီလောက် ကွာနေတယ်ဆိုတော့  ဘယ်လိုဖြစ်ဖြစ် မြတ်နေပြီပေါ့။  နောက်တစ်ခုက မနေဖြစ်လို့ ပြန်ငှားရင်လည်း ဈေးကောင်းရတယ်။  ဗန်ကောက်က  ကွန်ဒိုတွေက ငှားလို့လည်းလွယ်တယ်။ဒါကြောင့် ရင်းနှီးမြှုပ်နှံကြတာ ဖြစ်ပါတယ်'' ဟု ဦးစိုင်း ခွန်နောင် ကပြောသည်။

မြန်မာနိုင်ငံသားများအများဆုံး သွားရောက်နေထိုင်ကြသည့် ပြည်ပနိုင်ငံများမှာ ထိုင်းနှင့် မလေးရှားနိုင်ငံတို့က ထိပ်ဆုံးမှ ပါဝင်နေပြီး ထိုင်းနိုင်ငံသို့ သွားရောက်သူများသည် နာတာရှည်ရောဂါကုသခြင်း အပါအဝင် ဆေးကုသမှုခံယူခြင်း၊ ပညာသင်ယူခြင်း၊ စီးပွားရေးနှင့် ဆက်နွှယ်သည့်လုပ်ငန်းများ သွားရောက်လုပ်ကိုင်ခြင်းတို့ အများဆုံး ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ကွန်ဒိုမီနီယံဥပဒေ၊   နည်းဥပဒေများ ထွက်ရှိပြီးဖြစ်ကြောင်း  သိရှိရသော်လည်း   အစိုးရမှ တရားဝင် ထုတ်ပြန်ကြေညာမှသာ နိုင်ငံခြားသားများ အနေဖြင့်  အမည်ပေါက်ကွန်ဒို မီနီယံကို ဝယ်ယူနေထိုင်နိုင် မည်ဖြစ်ပြီး လတ်တလောတွင်    ငှားရမ်းနေထိုင်ခွင့်သာ ရှိကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံ၏     အိမ်ခြံမြေ ဈေးကွက်သည်  အကောင်းဘက်သို့    ရောက်ရှိလာပြီး ဆက်လက်ကောင်းမွန် လာမည်ဟုလည်း မျှော်လင့် ရကြောင်း အိမ်ခြံမြေဈေးကွက်မှ သိရသည်။         

Read 32 times Last modified on Thursday, 22 August 2019 09:52