SJ WorldNews - шаблон joomla Авто

မန္တလေးလူငယ် သင်တန်းကျောင်းသို့ သိန်း ၁၅ဝ တန်ဖိုးရှိ ပစ္စည်းများ လှူဒါန်း

Thursday, 22 August 2019 10:18 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက် အကွက်အမှတ် (၅၂) ၁၂ လမ်းနှင့်  ၇၃ လမ်းထောင့်ရှိ မန္တလေးလူငယ် သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ သြဂုတ် ၂ဝ ရက်က မန္တလေးလူငယ် သင်တန်းကျောင်းသို့  ရေဂါလန် ၈ဝဝ ဆံ့ ရေစင်တစ်ခု၊ မိလ္လာကန်အကြီးတစ်ကန်၊ ရေကန်သုံးကန်အတွက် အမိုးများ၊ ရေမော်တာအိမ်တစ်ခုနှင့်  ရေချိုးခန်း၊ အိမ်သာများ အဆင့်မြှင့်တင်ခြင်း လှူဒါန်းပြီးစီးမှု လွှဲပြောင်းပေးအပ်သည်။

အဆိုပါလှူဒါန်းမှုတွင် ပြည်ပအလှူရှင်များက ငွေကျပ်သိန်း ၁၅ဝ ခန့်၊ ပြည်တွင်းအလှူရှင်များ စုပေါင်းလှူဒါန်းငွေကျပ် ၂၄သိန်းခန့် စုစုပေါင်း အလှူငွေကျပ် ၁၇၄ သိန်းခန့် ရရှိသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းရီက ကျေးဇူးတင်စကား ပြောကြားပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ မန္တလေးလူငယ် သင်တန်းကျောင်း မှ ကျောင်းသားလေးများက တေးသရုပ်ဖော် အကများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊မန္တလေးလူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး  ဦးနေအောင်ကျော်နှင့် ဝန်ထမ်းများ တက်ရောက်ကြကြောင်း၊ ယင်းပစ္စည်းများကို  LatterDay Saint Charities (LDSC) လူမှုဖွံ့ဖြိုးရေး အသင်း(CDA)မှ လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။                            

Read 43 times Last modified on Thursday, 22 August 2019 10:19