SJ WorldNews - шаблон joomla Авто

မေတ္တသုတ် ပရိတ်တော် အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲပြုလုပ်

Tuesday, 08 August 2017 09:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၇

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အဖြစ် မေတ္တသုတ် ပရိတ်တော် အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ချမ်းမြေ့ဂုဏ်ဝေ ပရိယတ္တိ သီလရှင် စာသင်တိုက်ကြီး၌ ပြုလုပ်ရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ မဟာဝိနယာ လင်္ကာရ ကျောင်းတိုက်၏ ပဓာန နာယက ဆရာတော် မဟာဂန္ထ ဝါစက ပဏ္ဍိတ ဘဒ္ဒန္တ ဝိနယာ လင်္ကာရ အမှူးပြုသော သံဃာတော်များ၊ သီလရှင် စာသင်တိုက်ကြီး၏ ပဓာန နာယက သီလရှင် ဆရာကြီး ဒေါ်ဆေကဝတီ အမှူးပြုသော သာသနာ့ အနွယ်ဝင် သီလရှင်များ ကြွရောက်တော် မူကြပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သက်ပုံနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက မဟာဝိနယာ လင်္ကာရ ကျောင်းတိုက် ဆရာတော်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် အောင်ပွဲ အထိမ်းအမှတ်အဖြစ် စာချ စာသင်ပရိယတ္တိ ဝန်ဆောင် ဓမ္မဓရ ပုဂ္ဂိုလ်များဖြစ်သော သီလရှင် ဆရာကြီး၊ ဆရာလေး ၁၇ဝ ပါး တို့ကို တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ဝါဆိုဝတ်စုံနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လောင်းလှူကြပြီး သံဃာတော်များနှင့် သီလရှင်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ အဆိုပါ မေတ္တသုတ် ပရိတ်တော် အသံမစဲ ရွတ်ဖတ် ပူဇော်ခြင်းကို ဇူလိုင် ၂၄ ရက်မှ ယနေ့အထိ ၁၅ ရက်တိုင်တိုင် ရွတ်ဖတ် ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Read 345 times Last modified on Tuesday, 08 August 2017 09:33