SJ WorldNews - шаблон joomla Авто

လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပ

Monday, 26 August 2019 09:20 font size decrease font size decrease font size increase font size increase font size

မကွေးတိုင်းဒေသကြီး သရက်ခရိုင်မင်းလှမြို့နယ်အခြေခံပညာအထက်တန်းကျောင်း၌ သြဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့  အထိမ်းအမှတ်အဖြစ် ကာတွန်း၊ ပန်းချီ၊ ပိုစတာ၊ ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပသည်။

အဆိုပါပြိုင်ပွဲများကို မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ ၄၂ ဦး၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ ၅၅ ဦး၊ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ ၂ဝ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အထက်တန်းအဆင့်တွင် လူသားအရင်းအမြစ်မနွမ်းဖို့  လူကုန်ကူးမှုတားမြစ်စို့   ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် လူကုန်ကူးမှုမဖြစ်ဖို့ပြည်သူများက ဝိုင်းဝန်းကူညီစို့ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်တွင် လူကုန်ကူးရေးတားမြစ်ပေး  ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပကြောင်း သိရသည်။               

 ဇာဇာ(အထက်မင်းလှ)

Read 22 times Last modified on Monday, 26 August 2019 09:21