SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ငှားယာဉ်များ ပြေးဆွဲမှုအခေါက်ရေ လျော့နည်းလာ

Monday, 26 August 2019 09:25 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့ရှိ    ခရီးသွားပြည်သူများ အနေဖြင့်   YBS  ယာဉ်များကိုသာ အားထားစီးနင်းလာကြသောကြောင့် အငှား ယာဉ်များ ယခင်ကထက် ပြေးဆွဲမှုအခေါက် ရေလျော့နည်းလာကြောင်း  ရန်ကုန်မြို့ တွင်းပြေးဆွဲနေသည့်  အငှားယာဉ်မောင်းများ၏ ပြောဆိုချက်အရ သိရသည်။

''အရင်ကထက်စာရင်တော့ ခရီးသည် အရမ်းပါးတယ်။ အရင်က ဘတ်စကား တွေက  အဲကွန်းသိပ်မအေးဘူး။ အခု ဘတ်စကားအတော်များများ   အဲကွန်း ကားတွေဖြစ်လာတော့  ဘတ်စကားတွေ ကိုပဲ အလေးထားစီးလာကြတယ်။ ဘတ်စ ကားပေါ်မှာ   ခရီးသည်အရမ်းကျပ်တဲ့ အချိန်နဲ့  အလုပ်ချိန်နောက်ကျတဲ့အချိန်မျိုးပဲ  အငှားယာဉ်စီးကြတယ်''    ဟု  အငှားယာဉ်မောင်း ဦးဝင်းမောင်ကပြော သည်။

ထို့ပြင် ခရီးစဉ်တူသည့်  ခရီးသည် အချင်းချင်းစုပေါင်း၍  ငှားရမ်းစီးနင်းမှု များလည်းရှိလာသောကြောင့် အငှားယာဉ် မောင်းများ ဝင်ငွေလျော့နည်းလာသည်။

''ဆီဈေးက အတက်ဘက်မှာဆိုတော့ ဆီဈေးလည်းကြည့်ရတယ်။ အခု  ခရီးသည်တွေကလည်း အငှားယာဉ်ငှားရမ်းသူ အချင်းချင်း ခရီးစဉ်တူနေရင် ပေါင်းစပ် ငှားလာကြတယ်။ ငွေကျပ် ၃၅ဝဝ တန် ခရီးစဉ်ကို   ငွေကျပ် ၃ဝဝဝ လောက်နဲ့ ပြေးဆွဲနေရတယ်။ နောက်ပိုင်းပြေးဆွဲမှု ပါးလာတော့ မှတ်တိုင်တွေမှာ တစ်ယောက် ကို ငွေကျပ် ၅ဝဝ  နဲ့ခေါ်တင်ပြီး ပြေးဆွဲ နေရတဲ့အဖြစ် ရောက်နေပါပြီ'' ဟု  အငှား ယာဉ်မောင်း   ဦးမင်းလှကပြောသည်။

လက်ရှိ YBS ယာဉ်များတွင် ၂၄ နာရီ ပြေးဆွဲပေးနေသည့်  ယာဉ်များလည်းရှိ လာပြီွးမဘေ နှင့် ဥတပျွေငိန စသည့် အငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီများလည်း များလာသဖြင့်   ရန်ကုန်မြို့တွင်း ပြေးဆွဲ နေသော   အငှားယာဉ်မောင်းများ ဝင်ငွေ   လျော့နည်းလာခြင်းဖြစ်ကြောင်း   သိရသည်။

ကျော်ကို

Read 22 times Last modified on Monday, 26 August 2019 09:26