SJ WorldNews - шаблон joomla Авто

ကျောက်တံခါးမြို့ စာတိုက်ရပ်ကွက်၌ ရွှေမန်းဓမ္မစကူး သင်တန်းဖွင့်လှစ် သင်ကြား

Tuesday, 08 August 2017 09:41 font size decrease font size decrease font size increase font size increase font size

ကျောက်တံခါး သြဂုတ် ၇

ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့ စာတိုက်ရပ်ကွက် ရွှေမန်းတောရကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက ဓမ္မစကူး သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး ကျောက်တံခါးမြို့ စဉ်းအိုးလှကျောင်းတိုက် ဆရာတော်က အဖွင့်အမှာစကား မိန့်ကြားတော်မူကာ ရန်ကုန်ကျောင်းတိုက် ဆရာတော်က ဓမ္မစကူးအကြောင်း သိကောင်းစရာများကို  ရှင်းလင်း မိန့်ကြားသည်။ ဆက်လက်၍ ကျောက်တံခါးမြို့ ဓမ္မစကူး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ  ဦးခင်သောင်းက ဓမ္မစကူး ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ရွှေမန်းတောရကျောင်း ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ဓမ္မစကူး သင်တန်းကို ရွှေမန်းတောရကျောင်း၌ သင်တန်းသား၊ သင်တန်းသူ ၁ဝ၄ ဦးတို့အား အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သင်တန်းဆရာ၊ ဆရာမ ငါးဦးတို့က မြတ်ဗုဒ္ဓ၏ တရားတော်များ၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များနှင့် ယဉ်ကျေးလိမ္မာသော သားကောင်း၊ သမီးကောင်းများ ဖြစ်ပေါ်လာရေး အတွက် သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Read 330 times Last modified on Tuesday, 08 August 2017 09:42