SJ WorldNews - шаблон joomla Авто

လတ်တလော ပြင်းထန်အသက်ရှူ လမ်းကြောင်းပိုးဝင် ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ ၄ဝ၉ ဦးအနက် H1N1 ပိုးတွေ့လူနာ ၁၅၄ ဦး၊ သေဆုံးသူ ၁၆ ဦးရှိပြီဖြစ်

Tuesday, 08 August 2017 09:45 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၇

ရာသီတုပ်ကွေးရောဂါ သံသယလူနာ ၂၂ ဦးအား သြဂုတ် ၆ ရက် မွန်းလွဲ ၂ နာရီမှ ယနေ့မွန်းလွဲ ၂ နာရီအထိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ရာ H1N1 ပိုးတွေ့လူနာ ရှစ်ဦးတွေ့ရှိ ခဲ့ကြောင်း၊ ထို့ကြောင့် ဇူလိုင် ၂၁ ရက် မှ ယနေ့မွန်းလွဲ ၂ နာရီအထိ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းပိုး ဝင်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ စုစုပေါင်းလူနာ ၄ဝ၉ ဦးအနက် H1N1 ပိုးတွေ့လူနာစုစုပေါင်း ၁၅၄ ဦးရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးရှိကြောင်း၊ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းပိုးဝင် ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ များ၏ သေဆုံးမှုနှုန်းမှာ ၃ ဒသမ ၉၁ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ ယနေ့သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီအထိ အထူးကုဆေးရုံကြီး (ဝေဘာဂီ)၌ H1N1 ပိုးတွေ့ အတွင်းလူနာ ၁၉ ဦးနှင့် အခြားတိုင်း ဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံကြီးများ၌ H1N1 ပိုးတွေ့အတွင်းလူနာ ၄၃ ဦး စုစုပေါင်း ၆၂ ဦး ဆက်လက် ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး အများစုမှာ သက်သာလျက် ရှိကြောင်း သိရသည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဆေးရုံကြီး ၁၈ ရုံ၌ ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၆ ရက်အထိ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းပိုး ဝင်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသမှု အခြေအနေများကို ဆန်းစစ်လေ့လာခဲ့ရာ အဆိုပါ ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသမှု ခံယူသူ အရေအတွက် ကျဆင်းလာသည်ကို သုံးသပ်တွေ့ရှိရကြောင်း။

အထူးသဖြင့် ရာသီတုပ်ကွေးရောဂါ ပြင်းထန်စွာ ခံစားရနိုင်သော အသက်အရွယ် ကြီးသူများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ နာတာရှည် ရောဂါရှိသူများနှင့် ကိုယ်ခံ အားနည်းသူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး နည်းလမ်းများကို စနစ်တကျ အထူးသတိပြု လိုက်နာကြရန် လိုအပ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Read 427 times Last modified on Tuesday, 08 August 2017 09:48