SJ WorldNews - шаблон joomla Авто

ပဲခူးမြို့၌ ကြက်နှင့် ဝက်ဈေးနှုန်း ကျဆင်းလာပြီး ငါးဈေးနှုန်းမြင့်တက်

Tuesday, 08 August 2017 09:48 font size decrease font size decrease font size increase font size increase font size

ပဲခူး သြဂုတ် ၇

ပဲခူးမြို့၌ ရာသီတုပ်ကွေး H1N1 နှင့် H5N1 သတင်းများကြောင့် ကြက်သား၊ ကြက်ဥ၊ ဝက်သားစားသုံးသူ နည်းလာကာ ဈေးနှုန်းကျဆင်းလာပြီး ငါးဈေးနှုန်းမှာ ယခင်ထက် မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ကြက်သားဈေးမှာ ဇူလိုင်ဒုတိယပတ်ထိ တစ်ပိဿာလျှင် ငွေကျပ် ၆ဝဝဝ၊ ဝက်သားမှာ တစ်ပိဿာလျှင် ငွေကျပ် ၇ဝဝဝ ရှိရာမှ ရာသီတုပ်ကွေး သတင်းများကြောင့် စားသုံးသူ နည်းပါးလာကာ သြဂုတ် ပထမပတ်တွင် ကြက်သား တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝဝ၊ ဝက်သား တစ်ပိဿာလျှင် ငွေကျပ် ၆ဝဝဝ ဖြစ်သွားပြီး ငါးဈေးနှုန်းမှာ ယခင်ကထက် တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝဝ မှ ၅ဝဝဝ အထိ ဈေးမြင့်တက်ခဲ့သည်။ ''ကြက်သား၊ ဝက်သားတော့ လုံးဝမစားတော့ဘူး။ ဒီရက်ပိုင်း ရှောင်ထားတာပါ။ အိမ်ရှင်မ အများစုကတော့ ငါး၊ အမဲသား၊ ငါးဖယ်၊ ဟင်းသီးဟင်းရွက်တွေကို အဝယ်များလာတာ သတိထားမိပါတယ်''ဟု ပဲခူးမြို့ မဇင်းရပ်ကွက်နေသူ တစ်ဦးက ပြောသည်။

ကြက်သား၊ ဝက်သားများ ဝယ်လိုအားနည်းသွားပြီး ငါးဝယ်ယူ စားသုံးသူ များလာသဖြင့် ငါးဈေး မြင့်တက်လာရာ ပဲခူးမြို့မဈေးနှင့် ရပ်ကွက်ဈေးများတွင် ငါးကြင်းဖြူ လက်လီဈေးမှာ  တစ်ပိဿာလျှင် ငွေကျပ် ၇ဝဝဝ ခန့်၊ ငါးတန်ဈေးမှာ ငွေကျပ် ၃ဝဝဝ ခန့်၊ ငါးခူ၊ ငါးကျည်းဈေးမှာ ငွေကျပ် ၇၅ဝဝ ခန့်ရှိလာပြီး ဟင်းသီးဟင်းရွက် ဈေးမှာလည်း မြင့်တက်လာကြောင်း သိရသည်။

Read 352 times Last modified on Tuesday, 08 August 2017 09:48