SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ရာသီတုပ်ကွေး ရောဂါ ကြိုတင် ကာကွယ်ရေး ဟောပြော

Thursday, 03 August 2017 15:09 font size decrease font size decrease font size increase font size increase font size

သီပေါ  သြဂုတ် 

ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ နယ် မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီး မန်ဟဲတိုးဂိတ်နှင့်  မြို့တွင်း လူစည်ကားရာ လမ်းခွများ၌  အ မှတ်(၁၂ဝ) ယာဉ်ထိန်းရဲတပ် ဖွဲ့စု တပ်ဖွဲ့စိတ်(သီပေါ)၊ နယ်စည်းမခြား ပရဟိတ(သီပေါ)နှင့် အကျိုးတော်ဆောင် လူ ငယ်များသည် ယမန်နေ့က ပူးပေါင်း ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် သီပေါယာဉ် ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ရာသီတုပ်ကွေး ရောဂါ H1N1 ကူးစက်ခံရမှု မရှိ စေရေးအတွက် ရောဂါကာကွယ်ရန် နည်းလမ်းများအတိုင်း စနစ်တကျ ဆောင်ရွက်ရန်၊ ရောဂါ လက္ခဏာ တွေ့ရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများ သို့ သွားရောက်၍ ဆေးဝါးကုသမှု ခံယူရန်၊ ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထား သောနည်းလမ်းများအတိုင်း စနစ်တကျ နေထိုင်သွားကြရန် စသည်တို့ကို ရှင်း လင်းပြောကြားသည်။

ထို့နောက် အမှတ်(၁၂ဝ) ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များနှင့် နယ်စည်းမခြား ပရဟိတ အဖွဲ့တို့က မန္တလေး-လားရှိုး-မူ ဆယ်ပြည်ထောင်စု လမ်းမကြီးပေါ် ဖြတ်သန်း သွားလာလျက်ရှိသော မော်တော်ယာဉ်ကြီး၊ ယာဉ်ငယ် များ၊ မော်တော် ဆိုင်ကယ်စီးနင်း သွားလာ သူများနှင့် ဒေသခံ ပြည်သူများအား ပါးစပ်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေတပ်ဆင်ပေးကြောင်း သိရသည်။

Read 256 times Last modified on Friday, 04 August 2017 13:19