SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ရခိုင်ပြည်နယ်တွင် ဓနိချပ်များ ဈေးနှုန်း မြင့်တက်လာ

Thursday, 03 August 2017 15:09 font size decrease font size decrease font size increase font size increase font size

မင်းပြား   သြဂုတ် 

ရခိုင်ပြည်နယ်တွင် နေအိမ် အမိုးအဖြစ် အသုံးပြုသည့် ဓနိချပ်များမှာ ထုတ်လုပ်သူ နည်းလာခြင်း၊ ဓနိတောများ ပြုန်း တီးလာခြင်းတို့ကြောင့် ဈေးနှုန်းများ မြင့်တက်နေကြောင်း ဒေသတွင်းရှိ ဓနိရောင်းဝယ်ရေး လုပ်ကိုင်သူ များထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်ရှိ မြို့ကြီးများတွင် ၂ဝ၁၆ ခုနှစ်က အရှည် ၂ ပေရှိ ဓနိချပ် ၁ဝဝ လျှင် ငွေကျပ် ၃ဝဝဝ ဈေးပေါက်ခဲ့ရာ ၂ဝ၁၇ ခုနှစ် ဇူလိုင်တွင် ငွေကျပ်၅၅ဝဝ အထိပေါက်ဈေး ရှိနေကြောင်း သိရသည်။ ''ရွာမှာအိမ်အများစု ကတော့ လက်ရှိ အချိန်ထိ ဓနိမိုးကြတယ်။ မြို့ပေါ်မှာတော့ အသုံးပြုတာ လျော့ကျသွားတယ်။ ဝယ်လိုအားကတော့ ပုံမှန်ပါပဲ။ ဒါပေမဲ့ ဈေးတက်သွားတယ်။ ဓနိချပ်ရက်လုပ်တဲ့ အလုပ်သမားတွေရှားတယ်။ ဓနိချပ်တွေ လည်း ဈေးနှစ်ဆဖြစ်သွားတယ်'' ဟု မင်းပြားမြို့မှ ဝါး၊ ဓနိရောင်းသူ ဒေါ်ဘုမက ပြောသည်။

ရခိုင်ပြည်နယ်ရှိ ဒီရေတောများတွင် ဓနိတောများ ပေါက်ရောက်လေ့ရှိကာ ဓနိများကို ဒီရေတောများတွင် စိုက်ခင်းများအဖြစ် စိုက်ပျိုးလေ့ရှိပြီး လက်ရှိတွင် ပုစွန်ကန်များ ပြုလုပ်ရန် ဓနိတောများ ခုတ်ခြင်းကြောင့်လည်း ဓနိများရှားပါး လာကြောင်း သိရသည်။'' အိမ်အမိုးအတွက်က တာရှည်ခံတယ်ဆိုပြီး သံဖြူချပ်တွေကို ပြောင်းလဲ အသုံးပြုကြတယ်။ အခုတော့ သံဖြူချပ်တွေနဲ့ ဓနိချပ်တွေက ကုန်ကျစရိတ် အတူတူပါပဲ။ ဓနိချပ် ၁ဝဝ အတွက် ငွေကျပ် ၅၅ဝဝ ဆိုပေမယ့် အိမ်တစ်ဆောင်အတွက် အနည်းဆုံးအချပ် ၈ဝဝဝ အသုံးပြုရတယ်။ ဓနိမိုးတဲ့ အလုပ်သမား စရိတ်က ဈေးကြီး တယ်။ အပေါ်အောက် ဝါးကိုသုံးရတော့ ကုန်ကျစရိတ်က အတူတူပါပဲ။ ဒါပေမဲ့ နွေရာသီရောက်ရင် သံဖြူခေါင်မိုးက မနေနိုင်လောက်အောင် ပူပြင်းတာမို့ အဆင်မပြေပါဘူး။ ဒါကြောင့် အိမ်တွေရဲ့ နောက်ဘက်ပိုင်းကို ဓနိမိုးကြတယ်'' ဟုမြောက်ဦးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဒီရေရောက် ဓနိတောများ မြို့နယ်တိုင်းတွင် ရှိသော်လည်း မြေပုံ၊ မင်းပြား၊ ပေါက်တော၊ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲနှင့် မာန်အောင်မြို့နယ်တို့တွင် အများဆုံး ရှိကြောင်း သိရသည်။

Read 406 times Last modified on Friday, 04 August 2017 13:18