SJ WorldNews - шаблон joomla Авто

ကျောက်ပန္ဒူ-အင်းဒင်-စေတီပြင် တောင်ကျော်လမ်း စတင်ဖောက်လုပ်

Friday, 13 October 2017 10:18 font size decrease font size decrease font size increase font size increase font size

စစ်တွေ အောက်တိုဘာ ၁၂

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ကျောက်ပန္ဒူ-အင်းဒင်-စေတီပြင် တောင်ကျော်လမ်းကို စတင်ဖောက်လုပ်နေပြီဖြစ်ကြောင်း ပြည်နယ်လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးထံမှ သိရသည်။

''မြေသားလမ်းတွေကို ဖောက်လုပ်နေပါပြီ နောက်နှစ် မတ်လမှပြီးမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလမ်းပြီးသွားရင် ဒေသခံတွေအတွက် အကျိုးရှိသလို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း မေယုတောင် အရှေ့နဲ့အနောက်ကို အချိန်တိုအတွင်း သွားလာနိုင်မှာပါ''ဟု ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံကပြောသည်။

အဆိုပါလမ်းသည် ကွန်ကရစ်အမျိုးအစား လမ်းဖြစ်ပြီး မေယုတောင်အရှေ့ဘက် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှ မေယုတောင်အနောက်ဘက် အလယ်သံကျော် ကျေးရွာအထိ ၁၄ မိုင်အရှည်ရှိကာ ပြည်ထောင်စု အစိုးရမှ  ခွင့်ပြုရန်ပုံငွေ ကျပ် သန်း ၅ဝဝဝ ကျော်ဖြင့် အကုန်ကျခံ ဆောက်လုပ်နေခြင်းဖြစ်သည်။

၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်တွင် မောင်တောခရိုင်အတွင်း ကျောက်ပန္ဒူ-အင်းဒင်-စေတီပြင် တောင်ကျော်လမ်းသစ်နှင့် ကြိမ်ချောင်း-ဂုပ္ပိတောင်ကျော် လမ်းသစ်ကို ဖောက်လုပ်သွားမည်ဖြစ်ပြီး ဘူးသီးတောင်- သပိတ်တောင်- ညောင်ချောင်း- အောင်ဇေယျ - အငူမော်လမ်းကိုလည်း   အဆင့်မြှင့်တင် တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။ 

Read 7 times Last modified on Friday, 13 October 2017 10:19