အခမ်းအနားတွင် ပြည်နယ် မွန်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက မြို့နယ်နှင့် အလှမ်းဝေးကွာသော ကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများကို အချိန်တိုအတွင်း နိုင်ငံသား စိစစ်ရေး ကတ်ပြားများ လာရောက် ပြုလုပ်ပေးသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား များကို စနစ်တကျ ထိန်းသိမ်း ကိုင်ဆောင် ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ် ဝန်ကြီးများနှင့် ပြည်နယ် ဦးစီးမှူးတို့က အသက် ၁၄ နှစ်မှ ၁၆ နှစ်အထိ ကျောင်းသား ၄၆ ဦး၊ ကျောင်းသူ ၄၂ ဦး တို့ကို နိုင်ငံသား စိစစ်ရေး ကတ်ပြားများ လက်ဝယ် အရောက် ပေးအပ်ကြောင်း သိရသည်။