SJ WorldNews - шаблон joomla Авто

ရခိုင်ပြည်နယ် အတွင်း မြစိမ်းရောင် စီမံကိန်းဖြင့် ကျေးရွာပေါင်း ၆ဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးမည်

Thursday, 03 August 2017 15:18 font size decrease font size decrease font size increase font size increase font size

စစ်တွေ သြဂုတ် ၁

ရခိုင်ပြည်နယ်အတွင်း၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက  မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးရွာပေါင်း ၆ဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း  သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် ကျေးရွာများကို ရွေးချယ်ရာတွင် သတ်မှတ်ချက်နှင့် မကိုက်ညီသည့် ကျေးရွာများရှိ သည့်အတွက် မြစိမ်းရောင် စီမံကိန်း ဆောင်ရွက်ပေးရမည့် ကျေးရွာနည်းပါးကြောင်း ပြည်နယ် ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရ သည်။ ''မြစိမ်းရောင် စီမံကိန်း ဆောင်ရွက်ဖို့ ကျေးရွာတွေ ရွေးချယ်ရာမှာ သတ်မှတ်ချက်တွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တာ၊ ဆင်းရဲတဲ့သူများတာ၊ တည်ငြိမ်အေးချမ်းမှုရှိပြီး သွားလာရေး အဆင်ပြေတာ၊ ဒေသခံ ပြည်သူတွေ အနေနဲ့ မြစိမ်းရောင် စီမံကိန်းကို လိုလားမှုရှိတာနဲ့ ဒေသခံ ပြည်သူတွေ စည်းလုံးညီညွတ်မှုရှိတာ စတဲ့အချက်တွေကို အဓိကထားပြီး ရွေးချယ် တာဖြစ်ပါတယ်''ဟု ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်သိန်းက ပြောသည်။

မြစိမ်းရောင် စီမံကိန်းကျေးရွာ ရွေးချယ်ခြင်းကို လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဦးစီးဌာနမှ တာဝန်ရှိသူများက ရွေးချယ်ကာ ပြည်နယ် အစိုးရထံသို့ တင်ပြပြီး ပြည်နယ်အစိုးရမှ တစ်ဆင့် ပြည်ထောင်စုအဆင့် ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ တင်ပြရခြင်း ဖြစ်ကြောင်း သိရသည်။

Read 242 times Last modified on Friday, 04 August 2017 13:18