SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အစေ့ထုတ် မန်ကျည်းသီးများကို တရုတ်နှင့် ပါကစ္စတန် နိုင်ငံတို့မှ ဝယ်လိုအား မြင့်တက် နေခြင်းကြောင့် ဈေးတက်နေ

Thursday, 03 August 2017 15:18 font size decrease font size decrease font size increase font size increase font size

မန္တလေး သြဂုတ် ၁

မြန်မာနိုင်ငံမှ ထွက်ရှိသည့် အစေ့ထုတ် မန်ကျည်းသီး မှည့်များကို တရုတ်နှင့် ပါကစ္စတန် နိုင်ငံတို့မှ ဝယ်ယူမှု မြင့်တက် နေခြင်းကြောင့် မန္တလေး တိုင်းဒေသကြီး အတွင်း မန်ကျည်းသီး မှည့်များ ဈေးနှုန်းမြင့်တက် နေကြောင်း သိရသည်။

မန္တလေးမြို့ လက်လီဈေးကွက်၌ ၂ဝ၁၆ ခုနှစ်က အစေ့ထုတ် မန်ကျည်းသီး တစ်ပိဿာလျှင် ငွေကျပ် ၁၆ဝဝ သာရှိခဲ့ သော်လည်း ယခုနှစ် ဇူလိုင်လကုန်တွင် တစ်ပိဿာလျှင် ငွေကျပ် ၃၈ဝဝ အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။ မန်ကျည်းသီး ပေါ်ချိန်ဖြစ်သည့် မတ်လတွင် အစေ့ပါ မန်ကျည်းမှည့် တစ်ပိဿာလျှင် ငွေကျပ် ၁၂ဝဝ ဈေးပေါက်ခဲ့ သော်လည်း ဇူလိုင်လကုန်တွင် တစ်ပိဿာလျှင် ငွေကျပ် ၁၉ဝဝ ဈေးပေါက်နေကြောင်း သိရသည်။

''မန်ကျည်းသီးက ဆေးဖက်ဝင်ရုံ တင်မကဘူး။ အခြားလိုအပ်တဲ့ နေရာတွေမှာရော၊ ဟင်းချက်တဲ့ နေရာမှာရော အများကြီး အသုံးဝင်တယ်။ ကျွန်မတို့ မန္တလေးမှာက စားသောက်ဆိုင်၊ အကင်ဆိုင်တွေက အရင်ထက် အများကြီးပေါ လာတော့လည်း မန်ကျည်းတွေက အရင်ကထက်ကို ပိုပြီးရောင်းရပါတယ်။ ကျွန်မတို့ကတော့ တစ်ပိဿာကို ငွေကျပ် ၂ဝဝဝ ထိရောင်းလို့ရတယ်''ဟု မြို့သစ်ဈေးမှ ဈေးသည် မလင်းခိုင်ကပြောသည်။

မန္တလေးဈေးကွက်သို့ မန်ကျည်းသီးများကို ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ ရမည်းသင်း စသည့်မြို့နယ်တို့မှ အဓိက တင်ပို့နေကြကြောင်း သိရသည်။

Read 333 times Last modified on Friday, 04 August 2017 13:17