SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ၌ အကြီးဆုံး စပါးကြိတ်ခွဲ သန့်စင်စက် တည်ဆောက်မည်

Thursday, 03 August 2017 15:26 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်  ၁

မြန်မာနိုင်ငံ၌ တစ်နာရီလျှင် စပါး ၂ ဒသမ ၅ မက်ထရစ်တန် ကြိတ်ခွဲနိုင်မည့် အကြီးဆုံး စပါးကြိတ်ခွဲ သန့်စင်စက်ကို တည်ဆောက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (KOICA) တို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ စပါးကြိတ်ခွဲ သန့်စင်စက်နှင့် အခြောက်ခံ စက်တို့ကို နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာ၌ တည်ဆောက် သွားမည်ဖြစ်ပြီး စပါးကြိတ်ခွဲ သန့်စင်စက် အပါအဝင် အခြောက်ခံ စက်လေးလုံးနှင့် သိုလှောင်ရုံ လေးလုံးတို့ ပါဝင်မည်ဖြစ်သည်။ အဆို ပါ စက်များကို ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ (KOICA) မှ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ စီမံကိန်း ကာလသုံးနှစ် သတ်မှတ် ဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။

စပါးကြိတ်ခွဲ သန့်စင်စက်နှင့် အခြောက်ခံစက်တို့ကို တည်ဆောက်နိုင်ခြင်းဖြင့် စပါးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် တိုးတက် ကောင်းမွန်လာစေ၍ ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေမည်ဖြစ်ပြီး ကျေးလက်နေ ပြည်သူ များ၏ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက် မြင့်မား လာမည်ဖြစ်သည်။ အဆိုပါ စီမံကိန်း၌ သဘောတူ စာချုပ်အရ အဓိက ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် စပါးကြိတ်ခွဲ သန့်စင်စက် တစ်လုံး၊ အခြောက်ခံ စက်လေးလုံးနှင့် သိုလှောင်ရုံ လေးလုံးတို့အတွက် သက်ဆိုင်ရာ အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် နည်းပညာများ အကူအညီ ပေးသွား မည် ဖြစ်သည်။ စပါးကြိတ်ခွဲ သန့်စင်စက်သည် တစ်နာရီလျှင် စပါး ၂ ဒသမ ၅ မက်ထရစ်တန် ကြိတ်ခွဲနိုင်ပြီး အခြောက်ခံ စက်များမှာ တစ်ရက်လျှင် ဆန်စပါး ၁၅ မက်ထရစ်တန် အခြောက်ခံနိုင်သည့် စက်လေးလုံးနှင့် တစ်ရက်လျှင် ဆန်စပါး ၃ဝဝ မက်ထရစ်တန် သိုေ လှာင်နိုင်သည့် သိုလှောင်ရုံလေးလုံးတို့ ပါဝင်ကြောင်း သိရသည်။

Read 377 times Last modified on Friday, 04 August 2017 13:17