SJ WorldNews - шаблон joomla Авто

ယခုနှစ် ရာသီဥတု အခြေအနေအရ ငါးကန်များ ရေနစ်မြုပ်မှု မရှိစေရေး ကြိုတင်ဆောင်ရွက်ရန် လိုအပ်

Tuesday, 14 November 2017 12:54 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   နိုဝင်ဘာ   ၁၃

ယခုနှစ်ဆောင်းရာသီတွင် မြူထူထပ်ပြီး မိုးရွာသွန်းနိုင်သောကြောင့် ငါးမွေးမြူရေးကန်များ  ရေနစ်မြုပ်မှုမရှိစေရန် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားသင့်ကြောင်း ရန်ကုန်မြောက်ပိုင်း ခရိုင်  ငါးလုပ်ငန်း ဦးစီးဌာန  ဒုတိယဦးစီးမှူး ဦးသန့်ဇင်ထံမှ သိရသည်။

''ဒီနှစ်ဆောင်းရာသီမှာ မြူထူထပ်မယ်။တောင်တရုတ် ပင်လယ်ပြင်မှာ တိုက်နေတဲ့ မုန်တိုင်းက ဒီဘက်ကိုလာနိုင်တယ်။ မုန်တိုင်းက နှစ်လုံးလောက်ရှိသေးတဲ့ အတွက် မိုးရွာနိုင်သေးတယ်။ ဆောင်းရာသီမှာ မိုးရွာရင် ၁ဝ ရက်လောက် ရွာနိုင်တဲ့အတွက် ငါးကန်တွေ ရေနစ်မြုပ်မှုမရှိစေဖို့ ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ထားတဲ့အတိုင်း ဆောင်ရွက်ကြဖို့လိုပါတယ်'' ဟု ဦးသန့်ဇင် ကပြောသည်။

ယခုလအတွင်း ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး မုတ်သုန်ဖိုရမ်၌ ယခုနှစ်ဆောင်းရာသီဥတု အခြေအနေများကို သိရှိခဲ့ရသည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပါက ဆုံးရှုံး မှုလျော့နည်းမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့ပြင်  ငါးမွေးမြူရေး ကန်များ၌လည်း မီးများတပ်ဆင်ထားရန်၊ ရေကြောင်းလမ်းများ၌   အချက်ပေးမီးဆလိုက်စနစ်များ ထားရှိရန်၊ ဆောင်းရာသီဖြစ်သည့် အတွက်  ငါးများအစာစားနှုန်း နည်းသွားသဖြင့်   အစာလျှော့ကျွေး ရန်၊   ရေကန်များ နောက်ကျိမှုမရှိစေရန် အဖြူရောင်များသည့် ကစော်ဖတ်များ မကျွေးသင့်ကြောင်း သိရသည်။   

Read 4 times Last modified on Tuesday, 14 November 2017 12:54