SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်း ဒေသကြီး၌ ကိုယ်ပိုင်ကျောင်း အသစ် ဖွင့်လှစ်လိုသူများ နိုဝင်ဘာ တတိယပတ်တွင်လျှောက်ထားခွင့်ပြုမည်

Tuesday, 14 November 2017 13:35 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   နိုဝင်ဘာ   ၁၃

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ရန်‌ကုန်‌တိုင်း‌ဒေသကြီး အတွင်း   ကိုယ်ပိုင်ကျောင်းအသစ် ဖွင့်လှစ်လိုသူများကို နိုဝင်ဘာ တတိယပတ်မှစ၍ ကျောင်းဖွင့်ခွင့် လျှောက်လွှာများ လျှောက်ထားခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ယခုပညာသင်နှစ်တွင် တစ်နိုင်ငံလုံး၌ ကိုယ်ပိုင်ကျောင်း ၅ဝဝ ကျော်ရှိ၍  ရန်ကုန်တိုင်း ဒေသကြီးအတွင်း  ကိုယ်ပိုင်ကျောင်း ၁၈၈ ကျောင်း ဖွင့်လှစ်ထားကာ လာမည့်‌နှစ်‌အတွက်‌    ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ခွင့် လျှောက်လွှာများ လျှောက်ထားခွင့်ကို မြို့နယ်ပညာရေးမှူးရုံးများ၌ ကြေညာပေးမည်‌ဖြစ်‌‌သည်။ ကိုယ်ပိုင်ကျောင်းအသစ်  ဖွင့်လှစ်ခွင့်လျှောက်လွှာများကို နှစ်စဉ် ဇွန်လ ကျောင်းဖွင့်ချိန်မတိုင်မီ လေးလအလိုမှ ခေါ်ယူလေ့ရှိ သော်လည်း  ယခုနှစ်တွင် ခြောက်လခန့် အလိုကပင် ခေါ်ယူခြင်းဖြစ်‌‌ကြောင်း  သိရသည်။

ကိုယ်ပိုင်ကျောင်းများဖွင့်လှစ်ရန် ၂ဝ၁၁ ခုနှစ်‌တွင် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဧပြီလအတွင်း ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်နည်းဥပဒေကို ထပ်မံပြဋ္ဌာန်းကာ   ယင်းနည်းဥပဒေအရ စမ်းသပ် တစ်နှစ်၊ ယာယီ နှစ်နှစ်လိုင်စင်‌ များ ချထားပေးလျက်‌ ရှိ‌ကြောင်း သိရသည်။

Read 6 times Last modified on Tuesday, 14 November 2017 13:35